ခုခါမာတော့အခတ်ခဲတေကြားကအမေပေးတဲ့ငွေ(2)သိန်းနဲ့ဘေထုတ်ရောင်းပီးကြိုးစားခဲ့တဲ့ချမ်းကတော့လက်ရှိမာတလသိန်း(500)ကျော်ထိဝင်််််ငွေေရှိခဲ့တာဘဲဖစ်ပါတယ်။ကိုဗစ်ကာလမာအဖေဆုံးသွားပေမယ့်လည်းအမေနဲ့ညီမလေးအတွက်အိမ်တစ်လုံး.ကားတစ်စီးဖစ်အောင်ကြိုးစားပေးနိုင်ခဲ့ပါတယ်။အဆင်မပြေတဲ့ပတ်ဝင်းကျင်ကနေရုန်းထွက်ပီးကြိုးစားရုန်းထွက်တယ်။ အသက်ငယ်ပီးအတွေ့အကြုံနည်းသေးတော့စီးပွားရေးလောကထဲမာအတိုက်အခိုက်လဲများခဲ့ပါတယ်တခါတလေကျတော့လည်းစိတ်အရမ်းတိုပီးပြန်ပြောချင်တာဒါပေမယ့်မပြောခဲ့ပါဘူးကို့ကတော့ဘလိုဖစ်နေလဲမသိဘဲသူများဘဝကိုဝေဖန်ချင်ကြတယ်ခုဆိုရင်တော်တော်လေးလဲရောင်းရလာပါတယ်အမေနဲ့ညီမလေးကိုလဲလိုလေသေးမရှိအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါပီအဲ့အတွက်ဘာလိုခတ်ခဲခဲ့ပါစေကျေနပ်ပါတယ်။ လူငယ်တိုင်းလဲကြိုးစားကြပါတချိန်ချိန်မာအောင်မြင်မှုရရှိလာမာပါလို့ပြောချင်ပါတယ်နော်။ချမ်းရဲ့ဆိုင်လေးကိုလဲလာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်နော်စျေးအနည်းဆုံးအထိထားပီးတန်တန်လေးတေရောင်းချပေးပါတယ်။ MyanmCelebrit
Read moreLocal News
အသက် 80 ကျော်အထိ ဘဝကိုခက်ခဲစွာ ဖြတ်သန်းနေရတဲ့ အဘွားဒေါ်ခင်မြင့်
ရန်ကုန်မြို့တစ်ဖက်ကမ်းကနေ နေ့တိုင်းအသွားအပြန် မော်တော်ဘုတ်လေးစီးပြီး စျေးလာရောင်းနေတဲ့အဖွားတစ်ယောက်ရှိပါတယ်။အဖွားကအသက် ၈၀ကျော်ပြီး နာမည်ကတော့ ဒေါ်ခင်မြင့်ဖြစ်ပါတယ်။အဖွားမှာ အတူနေသားနဲ့ချွေးမရှိပြီး နှစ်ယောက်လုံးလေဖြတ်ထားတဲ့အတွက်အဖွားကဘဲ စျေးရောင်းပြီး ရှာဖွေကျွေးမွေးနေရပါတယ်။ အဖွားက မနက် ၅နာရီခွဲအိမ်ကထွက်ပြီး ရာသီပေါ်သီးနှံလေးတွေနဲ့ ကြက်ဥစတာလေးတွေကို လမ်းမတော် ၁၈ လမ်းကို သွားရောက်ရောင်းချပါတယ်။တစ်ခါတစ်လေလဲရောင်းရသလို တစ်ခါတစ်လေလဲ ရောင်းမကောင်းလို့ ညမိုးချုပ်မှ မော်တော်နဲ့ကမ်းကူးပြီးအိမ်ပြန်ရတာတွေလဲရှိပါတယ်။အဖွားက စုမိသမျှပိုက်ဆံလေးတွေကို နေမကောင်းတဲအခါ ဆေးကုဖို့နဲ့ ဓါတ်စာလေးစားဖို့ ကြိုးစားရှာနေတာလဲဖြစ်ပါတယ်။အဖွားဟာ အလှုအတန်းလဲရက်ရောသူဖြစ်ပြီး ရသမျှပိုက်ဆံလေးတွေကို ဘုန်းကြီးကျောင်းမှာလှုဒါန်းပါတယ်။ အဖွားဟာ ပထွေးဖြစ်သူရဲ့ရန်ကိုကြောက်လို့ အသက်၁၇နှစ်မှာအိမ်ထောင်ကျခဲ့ပါတယ်။ အဖွားက သားသမီး ၅ယောက်ရှိသော်လည်း သားသမီးကံမကောင်းတဲ့အတွက် အထောက်အပံ့မရပါဘူး။သားသမီးများနှင့်အတူနေခဲ့ဖူးသော်လည်း အိမ်ပေါ်မှနှင်ချခံခဲ့ရတဲ့အတွက် အဖွားဟာ အသိမိတ်ဆွေများအိမ်မှာအတော်ကြာနေခဲ့ရပါသေးတယ်။ဒါပေမယ့်အဖွားဟာ စိတ်ဓါတ်မကျဘဲ တစ်ယောက်ထဲ ကြိုးစားရှာဖွေကာ ဘဝကိုရှေ့ဆက်နေသူလဲဖြစ်ပါတယ်။ “အဘွားသားသမီးတွေက တစ်ယောက်မှ အဘွားအပေါ်မကောင်းကြဘူး အဲ့တာတွေပြောရင် စိတ်နာတယ် အခုလည်း လေဖြတ်နေတဲ့ သားနဲ့ချွေးမကို
Read moreမြေး၂၃ယောက်ကို လုပ်ကျွေးနေတဲ့ သုဘရာဇာအဖွား ဒေါ်ခင်သန်းဦး
ရန်ကုန်မြို့တစ်ဖက်ကမ်းသန်လျင်မှာ သုဘရာဇာအလုပ်ကိုလုပ်ကိုင်နေတဲ့ အသက်၆၈နှစ်အရွယ် အဖွားဒေါ်ခင်သန်းဦးရှိပါတယ်။အဖွားမှာ မြေး၂၃ယောက်ရှိပြီး သုသာန်မှာဘဲ အတူတူနေထိုင်ကြပါတယ်။ အဖွားဟာ ခင်ပွန်းဖြစ်သူအသက်၁၉နှစ်အရွယ်အိမ်ထောင်ကျစဥ်မှစပြီး ဒီအလုပ်ကိုလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ယခုဆိုလျင် အနှစ် ၄၀ကျော် ၅၀နားရောက်လာပြီဖြစ်ပါတယ်။လက်ရှိမြေး၂၃ယောက်မှာ ၁၈ယောက်က မိဘတွေမရှိတော့ပါဘူး။ကျောင်းသား၆ယောက်လဲရှိပါတယ်။အားလုံးကိုအဖိုးနဲ့အဖွားကဘဲ တာဝန်ယူထားရတာဖြစ်ပါတယ်။ သုဘရာဇာအလုပ်ကနေ့တိုင်းတော့မရှိပါဘူ။း တစ်ခါတလေငါးရက်ခြား တခါတလေ တပါတ်လောက်မှအလုပ်ရတာပါ။အလုပ်ရှိတဲ့ရက်များမှာတော့ ကလေးတွေကိုကြက်သားလေးဝယ်ကျွေးလို့ရပါတယ်။ကလေးကများတော့ ၂ကောင်ချက်ရပါတယ်။အလုပ်မရှိရင်တော့ ငါးပိထောင်းဗူးလေးတွေနဲ့ စားကြရပါတယ်။ အဖွားက အဖွားကိုသုဘရာဇာလို့ခေါ်ခေါ် စန္ဒာလလို့ခေါ်ခေါ်စိတ်မဆိုးပါဘူး အဖွားမြေးလေးတွေကို ကောင်းကောင်းမွန်မွန်ထားနိုင်ရင်တော်ပါပြီလို့ ပြောပြခဲ့ပါတယ်။
Read more