သစ်သီးအချဉ်ပေါင်းကြိုက်သူတွေအတွက် အသီးတွေကို ငါးပိလေးနဲ့ အရသာ ချဉ်ချဉ်ငံငံစပ်စပ်လေးဖြစ်အောင် သုပ်ပြီးရောင်းတဲ့ တောသုပ်ဆိုင်လေးကို လူတိုင်းသိကြမှာပါ။ ဒီဆိုင်လေး ပေါ်ပေါက်လာတာ (၃) နှစ်ဝန်းကျင်ရှိလာပြီးအခုတော့ ရန်ကင်းမြို့နယ်မှာ ဆိုင်ခန်းလေးနဲ့ ဖွင့်လှစ်ထားတာ မကြာသေးပါဘူး။ ရန်ကုန်က အချဉ်ပေါင်းဆိုင်တွေအများစုက ငံပြာရည်၊ ငရုတ်သီးမှုန့်တွေနဲ့ သုပ်တာများတာကြောင့် ငါးပိလေးနဲ့ သုပ်တဲ့ပုံစံမျိုးလေးနဲ့ တောသုပ်ဆိုင်လေးကို လွန်ခဲ့တဲ့ (၃) နှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့တာပါ။ ဆိုင်ရှင်နှစ်ဦးက ပျဉ်းမနားဒေသခံတွေဖြစ်တာကြောင့် သူတို့ဒေသမှာ စားတဲ့ပုံစံမျိုးလေးကို ရန်ကုန်မှာ စတင်ရောင်းချဖို့ စိတ်ကူးမိခဲ့တာဆိုရင်လည်း မမှားပါဘူး။ “ ဒါက ကျွန်တော်တို့ နယ်အစားအစာပေါ့နော်။ ငါးပိနဲ့သုပ်တာက နယ်တွေမှာရှိတော့ ရန်ကုန်မှာ ဒီလိုလေးစလုပ်ကြည့်မယ်ဆိုပြီး စခဲ့တာ။ စဖွင့်တာကတော့ တက္ကသိုလ်ရိပ်သာလမ်း UFL ရှေ့မှာ ကားလေးနဲ့ပေါ့။ နာမည်ကိုတော့ တောသုပ်လို့ပေးလိုက်တယ်။ သုပ်တာကတော့ ငရုတ်သီးနဲ့ငါးပိကို အဓိကထားပြီး
Read moreFootBall
ငွေတစ်သောင်းခန့်နဲ့ လူ(၃)ယောက်အဝစားလို့ရတဲ့ ရန်ကုန်မြို့ရဲ့ပထမဆုံးမြေအိုးဟော့ပေါ့
ကိုယ်တိုင်ကလည်း အစားအသောက်ရောင်းတာကို စိတ်ဝင်စားပြီး ဈေးနှုန်းအသင့်အတင့်နဲ့ လူတိုင်းစားနိုင်အောင် ရည်ရွယ်တဲ့ ဘက်ဂျက်ဟော့ပေါ့ဆိုင်လေးကို ဖွင့်ဖို့ စိတ်ကူးမိရာကနေ ဒီဆိုင်လေးဖြစ်လာခဲ့တာပါ။ စားတဲ့သူတွေအတွက်လည်း ဆန်းဆန်းပြားပြားလေးဖြစ်အောင် မြေအိုးဟော့ပေါ့ဆိုပြီး စတင်ရောင်းချခဲ့ရာက အခုတော့ လူသိများတဲ့ဆိုင်လေးဖြစ်လာခဲ့ပါပြီ။ “ ဟော့ပေါ့လည်းရောင်းချင်တယ်။ ဈေးကလည်းအများကြီးမဟုတ်ဘဲ အသင့်အတင့်နဲ့ဖြစ်အောင်ဆိုပြီး စရောင်းခဲ့တာပေါ့။ ပထမဆုံးစဖွင့်တုန်းက ဟော့ပေါ့ တစ်စုံစာကိုမှ ၆၅၀၀ ပဲရှိတယ်။ မိသားစု ၃ ယောက် ကောင်းကောင်းစားလို့ရတယ်။ ခုနောက်ပိုင်းကုန်ဈေးနှုန်းတက်မှ တစ်သောင်း ဝန်းကျင်ဖြစ်သွားတာ” မြေအိုးဟော့ပေါ့ဆိုင်ရှင် မဧကရီစိုးကဆိုပါတယ်။ ဒီဆိုင်မှာ မြေအိုးဟော့ပေါ့အပြင် မာလာရှမ်းကော၊ မာလာမောက်ချိုက်နဲ့ ယိုးဒယားအထောင်းမျိုးစုံရနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ဟော့ပေါ့ တစ်ပွဲကို ၁၀၀၀၀ ကျပ်ကနေ အများဆုံး ၁၅၀၀၀ ကျပ်ထိဖြစ်ပြီး မာလာရှမ်းကောဆိုလည်း ၇၀၀၀ ကျပ်ကနေ အများဆုံး ၁၀၀၀၀ ဝန်းကျင်ထိသာကျသင့်ပါတယ်။ ဆိုင်လေးကို ဟော့ပေါ့မြေအိုးဆိုင်လို့
Read more