အနုပညာအလုပ်နဲ့ လုံးဝစိမ်းပေမယ့် ချစ်ဇနီးလေးရဲ့အလုပ်အတွက် ကြော်ငြာအတူတူရိုက်ကူးပေးခဲ့တဲ့ ခေးဆက်သွင်ရဲ့ ခင်ပွန်း
သရုပ်ဆောင် ခေးဆက်သွင်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။
ခေးဆက်သွင်ဟာ အနုပညာနဲ့ပတ်သက်ရင် ပါရမီထူးချွန်သလို သူမရဲ့အပြင်ကပုံစံလေးကလည်း ချစ်စရာကောင်းပြီး သွက်သွက်လက်လက်ရှိတာကြောင့် ပရိသတ်တွေသာမက အနုပညာလောကသားတွေရဲ့ ချစ်ခင်မှုကိုပါ ရရှိထားတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူး။
မကြာသေးခင်ရက်ပိုင်းကမှ လက်ထပ်ခဲ့တဲ့ ခေးဆက်သွင်ဟာ အခုဆိုရင် သူမရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
ခေးဆက်သွင်ဟာ ဒီကနေ့မှာတော့ သူမတို့ ဇနီးမောင်နှံနှစ်ယောက် ပထမဦးဆုံးအကြိမ်ရိုက်ကူးထားတဲ့ ကြော်ငြာဗီဒီယိုလေးကို ပရိသတ်တွေဆီ မျှဝေလာတာကို အခုလိုပဲ တွေ့ရပါတယ်။
ခေးဆက်သွင်ရဲ့ ခင်ပွန်းကတော့ အနုပညာအလုပ်နဲ့ လုံးဝအစိမ်းသက်သက်ဖြစ်ပေမယ့် ခေးဆက်သွင်ရဲ့အလုပ်ကြောင့် ဗီဒီယိုလေးမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။