ပရိသတ်တွေကိုလျှို့ဝှက်ပြီးမှ မင်္ဂလာဆောင်ရတဲ့အကြောင်းအရင်းကို ပြောပြလာတဲ့ အက်စတာဒေါ့သ်ချင်းဆုန်
Myanmar Idol Season (4) Winner ဆုရှင်လေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းတွေကို သီဆိုတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အက်စတာဒေါ့သ်ချင်းဆုန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့မှာတော့ သူမရဲ့ချစ်သူနဲ့ လက်ထပ်သွားခဲ့ပြီး တစ်အိုးတစ်အိမ်ဘဝကို တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်က သူမအနေနဲ့ မင်္ဂလာဆောင်မယ့်အကြောင်းအရင်းကို ချမပြခဲ့တဲ့အတွက် ပရိသတ်တွေက စိတ်မကျေနပ်မှုတွေဖြစ်ခဲ့ပြီး အက်စတာကလည်း သူမရဲ့အကြောင်းပြချက်ကို အခုလိုပဲ ပြောလာပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်က “Hello အမျိုးတို့အားလုံးမင်္ဂလာပါဆုန်ဆုန် ဘဝသစ်ထူထောင်တဲ့အချိန်မှာ အားလုံး Congratulations လုပ်ပေးလို့ ကိုကိုနဲ့အတူကျေးဇူးတင်ပါတယ်ကျွန်မတို့နှစ်ဦးရဲ့ Love Story အကြောင်းလေးကိုလည်း ချစ်တဲ့အမျိုးတွေပြောပြပေးပါ့မယ်
မင်္ဂလာဆောင်ပွဲမလုပ်ခင် Public မချပြတာလည်း Privacy ထားချင်လို့ဖြစ်ပါတယ်။ Wedding ပုံလေးတွေလည်းအမှတ်တရဖြစ်အောင် တင်ပါ့မယ်နော် With Love BawiTha & Esther” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။
အက်စတာဒေါ့သ်ချင်းဆုန်က မင်္ဂလာဆောင်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ချပြခြင်းမရှိခဲ့တာ သူမတို့အတွက် Privacy ထားချင်လို့ဖြစ်တယ်လို့ ယဉ်ယဉ်ကျေးကျေးလေးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။
အက်စတာတို့ ဇနီးမောင်နှံနှစ်ယောက် နောက်နှစ်တွေများစွာတိုင် ပျော်ရွှင်စွာနဲ့ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။