Cele News မြန်မာဆယ်လီ

ထိုင်းနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတုန်း ထိုင်းပရိသတ်တွေရဲ့ မိတ်ဆက်ခြင်းခံခဲ့ရတဲ့ အုပ်စိုးခန့်

ထိုင်းနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတုန်း ထိုင်းပရိသတ်တွေရဲ့ မိတ်ဆက်ခြင်းခံခဲ့ရတဲ့ အုပ်စိုးခန့်

မိန်းကလေးပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံ အားပေးခြင်းကို ရရှိထားတဲ့ လူငယ် အဆိုတော် အုပ်စိုးခန့်က အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါပြီး ပြီးခဲ့တဲ့နှစ်အတွင်းက “အိပ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

အုပ်စိုးခန့်ကတော့ အခုဆိုရင် အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဆိုပေမယ့် အနုပညာလောကမှာ Best တစ်နေရာကို ရရှိနေပြီပဲ ဖြစ်ပါတယ်။

အခုဆိုရင် ပြည်ပကအနုပညာရှင်တွေနဲ့ တွဲဖက်ပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီဖြစ်တဲ့ အုပ်စိုးခန့်က ပြည်ပ Fan တွေကိုလည်း အတော်အသင့်ရရှိနေပြီဖြစ်ပြီး နာမည်ရစပြုနေပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း အုပ်စိုးခန့်က ထိုင်းနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ စားသောက်နေတုန်း ထိုင်းပရိသတ်တွေရဲ့ မိတ်ဆက်ခြင်းခံခဲ့ရတယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ် Story လေးကနေတဆင့် အခုလိုပဲပြောလာပါတယ်။

အုပ်စိုးခန့်ကတော့ လူငယ်လေးတစ်ယောက်ဆိုပေမယ့် ပြည်တွင်းပြည်ပက ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတာကို မြင်ရတာ ဝမ်းသာစရာပါပဲနော်။ အုပ်စိုးခန့်တစ်ယောက် အခုထက်မက အောင်မြင်မှုတွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi version

ထိုင္းႏိုင္ငံက စားေသာက္ဆိုင္တစ္ခုမွာ စားေသာက္ေနတုန္း ထိုင္းပရိသတ္ေတြရဲ႕ မိတ္ဆက္ျခင္းခံခဲ့ရတဲ့ အုပ္စိုးခန္႔

မိန္းကေလးပရိသတ္ေတြရဲ႕ အခိုင္အမာ ဝန္းရံ အားေပးျခင္းကို ရရွိထားတဲ့ လူငယ္ အဆိုေတာ္ အုပ္စိုးခန္႔က အသံခ်ိဳခ်ိဳေလးနဲ႔ သီခ်င္းေကာင္းေလးေတြကို သီဆိုတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ အုပ္စိုးခန္႔ကေတာ့ သီခ်င္းဆိုတာအျပင္ သ႐ုပ္ေဆာင္ဘက္ကိုလည္း ဝါသနာပါၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္းက “အိပ္မက္ေတြမိုးထားတဲ့အိမ္” ႐ုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

အုပ္စိုးခန္႔ကေတာ့ အခုဆိုရင္ အသက္ႏွစ္ဆယ္ေတာင္မျပည့္ေသးတဲ့ ဆယ္ေက်ာ္သက္ေလးတစ္ေယာက္ဆိုေပမယ့္ အႏုပညာေလာကမွာ ေအာင္ျမင္တဲ့ေနရာ တစ္ေနရာကို ရရွိေနၿပီပဲ ျဖစ္ပါတယ္။

အခုဆိုရင္ ျပည္ပကအႏုပညာရွင္ေတြနဲ႔ တြဲဖက္ၿပီး အႏုပညာလႈပ္ရွားမႈေတြကို လုပ္ကိုင္ေနၿပီျဖစ္တဲ့ အုပ္စိုးခန္႔က ျပည္ပ Fan ေတြကိုလည္း အေတာ္အသင့္ရရွိေနၿပီျဖစ္ၿပီး နာမည္ရစျပဳေနၿပီပဲျဖစ္ပါတယ္။

ဒီကေန႔မွာလည္း အုပ္စိုးခန္႔က ထိုင္းႏိုင္ငံက စားေသာက္ဆိုင္တစ္ခုမွာ စားေသာက္ေနတုန္း ထိုင္းပရိသတ္ေတြရဲ႕ မိတ္ဆက္ျခင္းခံခဲ့ရတယ္လို႔ သူ႔ရဲ႕ေဖ့စ္ဘုတ္ Story ေလးကေနတဆင့္ အခုလိုပဲေျပာလာပါတယ္။

အုပ္စိုးခန္႔ကေတာ့ လူငယ္ေလးတစ္ေယာက္ဆိုေပမယ့္ ျပည္တြင္းျပည္ပက ပရိသတ္ေတြရဲ႕ အားေပးမႈကိုရရွိထားတာကို ျမင္ရတာ ဝမ္းသာစရာပါပဲေနာ္။ အုပ္စိုးခန္႔တစ္ေယာက္ အခုထက္မက ေအာင္ျမင္မႈေတြအမ်ားႀကီးရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *