Cele News မြန်မာဆယ်လီ

တက္ကသိုလ်ကျောင်းသားဘဝက ကင်းကောင်နဲ့ ငှက်ပျောကြော်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်စရာအလွဲတစ်ခုကိုပြောပြလာတဲ့ ဇာဂနာ

တက္ကသိုလ်ကျောင်းသားဘဝက ကင်းကောင်နဲ့ ငှက်ပျောကြော်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်စရာအလွဲတစ်ခုကိုပြောပြလာတဲ့ ဇာဂနာ

ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို လူရွှင်တော်ကြီးတစ်ယောက်လည်းဖြစ်တဲ့ ဇာဂနာကတော့ အနုပညာကိုခုံမင်နှစ်သက်လွန်းသူဖြစ်ပြီး သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေရဲ့ အားပေးမှုလက်ခုပ်သံတွေကိုသာ ခံယူခဲ့တာပဲဖြစ်ပါတယ်။

အနုပညာနဲ့ပတ်သက်ပြီး အမှတ်တရတွေအများကြီးရှိခဲ့တဲ့ ဇာဂနာ ဟာ ဒီကနေ့မှာလည်း သူ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ငှက်ပျောကြော်နဲ့ ကင်းကောင်တို့သူငယ်ချင်းတွေရဲ့ ရယ်စရာအဖြစ်အပျက်ကိုပြောလာခဲ့ပါတယ်။

 

ဇာဂနာက “ကင်းကောင်နာမည်အရင်းက မျိုးမြင့်၊ မြန်မာစာနဲ့ဘွဲ့ရတာ။ကျောင်းသားဘဝက ဝိဇ္ဇာခန်းမထဲအငြိမ့်ကတော့ ငှက်ပျောကြော်၊ညောင်ညောင်၊ချက်စူ၊လေအိုးတို့နဲ့ စင်တက်ခဲ့တာ ပထမဆုံး။ သည်ပွဲမှာ ကျွန်တော်က ငှက်ပျောကြော်နဲ့သူ့ကို မိုးနတ်သူဇာ မျိုးဆက်အဖြစ်ရွေးခဲ့တာ၊တိတ်တိတ်ကလေး၊သူ့နာမယ်ကိုတော့ ကင်းကောင်လို့ပြောင်းပစ်လိုက်တယ်။ ဖြစ်ချင်တော့ ကင်းကောင်ငှက်ပျောကြော်၊ဂေါ်ဇီလာ၊ဖိုးဖြူလေးယောက်ပေါင်းအားက ကောင်းသွားလို့ မြပုဏ္ဏမာအဖွဲ့အသစ်ထောင်လိုက်တာ။

၁၉၈၅ကအစပြုလို့ ၃၄နှစ်လုံးသေမှခွဲကြတဲ့ညီအကိုတွေပါ။ဆရာတပည့်ဆက်ဆံရေးမဟုတ်ဘူး၊ရဲဘော်ရဲဘက်ဆက်ဆံရေး။ကင်းကောင်အကြောင်းက ပြောရင်မကုန်ဘူး။

တအားသီချင်းဆိုချင်တာ၊ဆိုပြန်ရင်လဲ လွှမ်းမိုးမှ၊သူ့ချစ်သူက အေးအေးမွန်။သည်တော့ မဟာကင်း က စင်ပေါ်ရောက်ရင် မအေးရယ်ချစ်လို့ပါကွယ် ကိုဆိုတော့တာ။ ဆိုမဲ့သာဆိုတာနော်၊စာသားကမရဘူး။ငှက်ပျောကြော်ကထောက်ပေးရတယ်။တိုင်ဖုံးကြားကနေ ငှက်ပျောကြော်က (ခဲလုံးလေးထိခဲ့ဘူးတဲ့ စာသူငယ်လေးရယ်)လို့ကြိုပြီးဆိုပြမှ၊ကင်းကောင်က နောက်ကလိုက် ခဲလုံးထိ တာ။

ပရိသတ်ကဘာသိမှာလဲ။သဘောလွှတ်ကျပေါ့။ ငှက်ပျောကြော်ကစာထောက်ပေးရင်း၊ပွဲဈေးထဲလက်ဖက်ရည်သွားဝယ်သူကို သူ့အတွက် နွားနို့တခွက်ပါဆယ်ဝယ်ခဲ့ဖို့လှမ်းမှာတယ်။ဖြစ်ချင်တော့ ငှက်။တို့ကတော့ မေ့ပျောက်လို့သာအကြင်နာတွေမပျက်တာ ဘာကြောင့်လဲ.. ကင်း။တို့ကတော့မေ့ပျောက်လို့သာအကြင်နာတွေမပျက်တာ ဘာကြောင့်လဲ. အဲသည်မှာ ငှက်ပျောကြော်က အောက်ကိုနို့တခွက်ပါဆယ်လို့မှာလိုက်ရော။ ကင်းကောင်က အားပါးတရဆိုချလိုက်တာ (မအေးရယ် နို့တခွက်ပါဆယ်)တဲ့/ ပရိသတ်ကတော့ ရီစရာလား၊အတည်လား မသိရှာ။” ဆိုပြီး အမှတ်တရပြောလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *