Cele News မြန်မာဆယ်လီ

ညီမအရင်းဖြစ်တဲ့ ဟေမာနေဝင်းရဲ့မွေးနေ့ကို မွေးနေ့ကိတ်လာပေးတော့မှပဲသိတော့တယ်ဆိုပြီး ရယ်စရာပြောလာတဲ့ ရာဇာနေဝင်း

ညီမအရင်းဖြစ်တဲ့ ဟေမာနေဝင်းရဲ့မွေးနေ့ကို မွေးနေ့ကိတ်လာပေးတော့မှပဲသိတော့တယ်ဆိုပြီး ရယ်စရာပြောလာတဲ့ ရာဇာနေဝင်း

မင်းသားကြီး ကောလိပ်ဂျင်နေဝင်းရဲ့ သားဖြစ်သူ ရာဇာနေဝင်းကတော့ ကိုယ်ပိုင်စတိုင်လ် ကိုယ်ပိုင်ဟန်နဲ့ အနုပညာလောကမှာ ရပ်တည်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရာဇာနေဝင်းရဲ့ စတိုင်လ်ဟာ ပရိသတ်တွေကြားမှာသာမက အနုပညာရှင်အချင်းချင်းကပါ အတုယူရတဲ့အထိကို အောင်မြင်ခဲ့ပြီး ယနေ့ထိတိုင် မရိုးသွားဆဲပဲဖြစ်ပါတယ်။

ရာဇာနေဝင်းကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ အနုပညာအလုပ်တွေကို တော်တော်ကြီးလျှော့ချလိုက်ပြီး သူဝါသနာပါတဲ့အရာလေးတွေကိုသာ လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကတော့ ရာဇာနေဝင်းရဲ့ညီမ အဆိုတော် ဟေမာနေဝင်းရဲ့ မွေးနေ့လေးဖြစ်ပြီး ရာဇာနေဝင်းက သူ့ညီမရဲ့မွေးနေ့ကို မသိခဲ့ကြောင်း “Hey mar ne win sent the cake for her brother to eat I လဲခုမဘဲtoday is her birthday ဆိုတာသိတော့တယ်” ဆိုပြီး သူ့ရဲ့အဖြစ်ကို ရယ်စရာပြောပြလာခဲ့ပါတယ်။

ရာဇာနေဝင်းကတော့ ညီမအရင်ဖြစ်တဲ့ ဟေမာနေဝင်းရဲ့မွေးနေ့ကို မွေးနေ့ကိတ်လာပေးတော့မှပဲသိတော့တယ်ဆိုပြီး ရယ်စရာပြောလာခဲ့တာပဲဖြစ်ပါတယ်။

လူပျိုကြီး ရာဇာနေဝင်းကတော့ သူ့ရဲ့ဘဝကို သူ့စိတ်ကြိုက်ပုံဖော်နေထိုင်ရင်း အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

Zawgyi version







Leave a Reply

Your email address will not be published. Required fields are marked *