ဇာတ်ကားထဲမှာဘင်္ဂလားမောင်နှမဆိုပေမယ့် အပြင်မှာတော့ အနုပညာမောင်နှမတွေပါပဲဆိုတဲ့ သရုပ်ဆောင်ကျော်ထက်ဇော်နဲ့ နန်းစန္ဒာလှထွန်း
MRTV 4 သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကျော်ထက်ဇော်နဲ့ နန်းစန္ဒာလှထွန်းတို့ကတော့ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း လူသိများလာခဲ့သူတွေဖြစ်ပါတယ်။
ကျော်ထက်ဇော်နဲ့ နန်းစန္ဒာလှထွန်းတို့ဟာ အနုပညာအလုပ်တွေကို အတူတူတွဲဖက်လုပ်ကိုင်ဖူးသလို လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်’ ဇာတ်လမ်းတွဲမှာလည်း လိုက်ဖက်ညီစွာ အတူတူတွဲဖက်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ ကိုနိုင်လင်းနဲ့ သက်သက်တို့ဟာ ဘင်္ဂလားမောင်နှမတွေအဖြစ် မရှင်းမရှင်းဖြစ်ပေမယ့် အပြင်မှာတော့ အဲ့လိုမဟုတ်ကြကြောင်းကို နန်းစန္ဒာလှထွန်းက “အပြင်မှာကတော့ တကယ့် အနုပညာမောင်နှမတွေပါလို့လို့ဆိုပြီး သူမနဲ့ ကျော်ထက်ဇော်တို့ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရဓာတ်ပုံလေးတွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။
နန်းစန္ဒာလှထွန်းနဲ့ ကျော်ထက်ဇော်တို့ကတော့ အရင်ကတည်းက သင်တန်းအတူတူတက် အလုပ်အတူတူလုပ်ခဲ့ကြသူတွေဖြစ်ပြီး အပြင်မှာလည်း မောင်နှမလို သူငယ်ချင်းလို ရင်းနှီးကြသူတွေပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း နန်းစန္ဒာလှထွန်းနဲ့ ကျော်ထက်ဇော်တို့ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။
Zawgyi version
ဇာတ္ကားထဲမွာဘဂၤလားေမာင္ႏွမဆိုေပမယ့္ အျပင္မွာေတာ့ အႏုပညာေမာင္ႏွမေတြပါပဲဆိုတဲ့ သ႐ုပ္ေဆာင္ေက်ာ္ထက္ေဇာ္နဲ႔ နန္းစႏၵာလွထြန္း
MRTV 4 သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ ေက်ာ္ထက္ေဇာ္နဲ႔ နန္းစႏၵာလွထြန္းတို႔ကေတာ့ ဇာတ္လမ္းတြဲေတြမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း လူသိမ်ားလာခဲ့သူေတြျဖစ္ပါတယ္။
ေက်ာ္ထက္ေဇာ္နဲ႔ နန္းစႏၵာလွထြန္းတို႔ဟာ အႏုပညာအလုပ္ေတြကို အတူတူတြဲဖက္လုပ္ကိုင္ဖူးသလို လက္ရွိထုတ္လႊင့္ျပသေနတဲ့ “ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာစာေရးလို႔ထားခ်င္တယ္’ ဇာတ္လမ္းတြဲမွာလည္း လိုက္ဖက္ညီစြာ အတူတူတြဲဖက္သ႐ုပ္ေဆာင္ထားၾကတာပဲျဖစ္ပါတယ္။
ဇာတ္လမ္းထဲမွာေတာ့ ကိုႏိုင္လင္းနဲ႔ သက္သက္တို႔ဟာ ဘဂၤလားေမာင္ႏွမေတြအျဖစ္ မရွင္းမရွင္းျဖစ္ေပမယ့္ အျပင္မွာေတာ့ အဲ့လိုမဟုတ္ၾကေၾကာင္းကို နန္းစႏၵာလွထြန္းက “အျပင္မွာကေတာ့ တကယ့္ အႏုပညာေမာင္ႏွမေတြပါလို႔လို႔ဆိုၿပီး သူမနဲ႔ ေက်ာ္ထက္ေဇာ္တို႔ရဲ႕ ႐ိုက္ကြင္းေပၚက အမွတ္တရဓာတ္ပုံေလးေတြကို ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာခဲ့တာပဲျဖစ္ပါတယ္။
နန္းစႏၵာလွထြန္းနဲ႔ ေက်ာ္ထက္ေဇာ္တို႔ကေတာ့ အရင္ကတည္းက သင္တန္းအတူတူတက္ အလုပ္အတူတူလုပ္ခဲ့ၾကသူေတြျဖစ္ၿပီး အျပင္မွာလည္း ေမာင္ႏွမလို သူငယ္ခ်င္းလို ရင္းႏွီးၾကသူေတြပဲျဖစ္ပါတယ္။
ပရိသတ္ႀကီးလည္း နန္းစႏၵာလွထြန္းနဲ႔ ေက်ာ္ထက္ေဇာ္တို႔ရဲ႕ ပုံရိပ္ေလးကိုၾကည့္ၿပီး ေက်နပ္ၾကမယ္ထင္ပါတယ္ေနာ္။