အသားဖြူဖြူဖွေးဖွေ းလေးနဲ့ တစ်ချိန်က မိန်းကလေးတွေ သည်းသည်းလှုပ်ချစ်ခဲ့ရတဲ့ သရုပ်ဆောင် ဇေယျကတော့ ဒီနေ့ဒီအချိန်ထိတိုင် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ဇေယျကတော့ အခုဆိုရင် အသက်အရွယ်တစ်ခုကိုရောက်ရှိနေပြီဖြစ်ပြီး အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါ တယ်။
တစ်ကိုယ်တည်းသမားပီပီ မိဘတွေအပေါ် အပြည့်အဝစောင့်ရှောက်ပေးနိုင်တဲ့ ဇေယျဟာ ဒီကနေ့မှာလည်း အမေ့ထမိန်လျှော်ပေးရတဲ့ ကုသိုလ်နဲ့ပတ်သက်ပြီး ပြောလာပါတယ်။ ဇေယျက “ကိုယ့်အမေထမိန် ဒါမှမဟုတ် ကိုယ့်အမေဝတ်တဲ့ အဝတ်အစားကို ကိုယ်တိုင်လက်နဲ့ လျော်ပေးခဲ့ဘူးလား။
မလျော်ပေးခဲ့ဘူးရင် အခုကစလျော်ပေးလိုက်ပါသူငယ်ချင်းတို့အတွက် အကျိုးထူးတွေရလာပါစေမယ် ဘဝမှာ ကိုယ်မိဘရဲ့ ဝေယျာဝစ္စ တွေကို လုပ်ပေးခြင်းဟာလဲ မင်္ဂလာတစ်ပါးပါပဲ အဲ့လိုသာ သားသမီးတွေကလုပ်ပေးရင် မိဘတိုင်းက ကျေနပ်ပီတိဖြစ်မိမှာပါ။ 😊 သားသမီးတိုင်း မိဘအပေါ်သိတတ်နားလည်ပီးချစ်တတ်ကြပါစေ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
ဇေယျကတော့ အမေ့ထမိန်ကို ကိုယ်တိုင်လက်နဲ့လျှော်ပေးရင်း တန်ဖိုးဖြတ်မရနိုင်တဲ့ ကုသိုလ်ကို ရယူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်က သားသမီးတိုင်းလည်း မိဘရဲ့ဝေယျာဝစ္စတွေကိုလုပ်ကိုင်ပေးရင်း မိဘကျေးဇူးသိတတ်သူတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
MyanmCelebrit