မြန်မာဆယ်လီ

ပရိသတ်တွေနဲ့အနီးစပ်ဆုံးပြန်လည်ထိတွေ့ဖို့ တီဗီကြော်ငြာရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းပေါ်က အမှတ်တရကို ပြသလာတဲ့ ဟဲဗီးဖြိုး

တချိန်က ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် လျှမ်းလျှမ်းတောက် နာမည်ကျော်ခဲ့တဲ့ ဟဲဗီးဖြိုးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သူမပါရင်မပြီးသလောက်ကို အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဟဲဗီးဖြိုးဟာ ငယ်ငယ်ကဇာတ်ကားတွေအများကြီးရိုက်ကူးခဲ့သလောက် လက်ရှိမှာတော့ အသက်အရွယ်ကြောင့် အနုပညာအလုပ်တွေ လှုပ်ရှားမှု လျော့နည်းသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ဟဲဗီးဖြိုးက ပရိသတ်တွေနဲ့ အနီးစပ်ဆုံးဖြစ်လာမယ့် တီဗီကြော်ငြာလေးတစ်ခုကို ရိုက်ကူးခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။ဟဲဗီးဖြိုးက ဓာတ်မြေသြဇာကြော်ငြာရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းပေါ်က အမှတ်တရနဲ့အတူတူ “စံပြထွက်တိုး ၁၅+၇+၈ ကွန်ပေါင်းဓာတ်မြေသြဇာကြော်ငြာ ရိုက်ကွင်း အမှတ်တရ.. အခုလိုသတိတရရှိပေးပါသော ဒါရိုက်တာ Wunna Kyaw နှင့် Uswe Koswe တို့ကိုကျေးဇူးတင်ပါတယ်။ အဖွဲ့သူအဖွဲ့သားအားလုံးကိုလဲအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ..🙏🤗❤” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *