MRTV 4 သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ အောင်မြင်မှုရရှိလာခဲ့သူဖြစ်ပါတယ်။
ပိုးကြာဖြူခင်ဟာ အခုဆိုရင် အိမ်ထောင်ပြုတော့မှာဖြစ်ပြီး Pre Wedding ပုံတွေရိုက်ကူးနေလျက်ရှိပြီပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ အိမ်ထောင်ဖက်ဟာ မုဆိုးဖို ကလေးသုံးယောက်အဖေဖြစ်တာကြောင့် ပရိသတ်တွေက ပိုးကြာဖြူခင်အတွက် နှမြောတသဖြစ်နေကြတာပဲဖြစ်ပါတယ်။
ပရိသတ်တွေက နှမြောကြပေမယ့် ပိုးကြာဖြူခင်ရဲ့မိခင်ကတော့ မုဆိုးဖို ကလေးသုံးယောက်အဖေ သမက်လောင်းကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့ပြီး မင်္ဂလာပွဲအတွက်ကိုလည်း အမြန်ဆုံးစီစဉ်စေခဲ့တာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ပိုးကြာဖြူခင်ရဲ့မိခင်က သမီးဖြစ်သူနဲ့ သမက်လောင်းတို့ရဲ့ ဓာတ်ပုံတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာမျှဝေပြီး “ကြင်စဦး သားနဲ့သမီးကြောင့် အပျော်တွေကူးစက်။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ပိုးကြာဖြူခင်ကတော့ သူမရဲ့အိမ်ထောင်ရေးမှာ ကိုယ့်သဘောဆန္ဒထက် မိခင်ဖြစ်သူရဲ့ဆန္ဒကို ဦးစားပေးခဲ့တယ်လို့ အင်တာဗျူးဗီဒီယိုတွေမှာ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်တစ်ယောက် ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရေးလမ်းကြောင်းမှာ ပျော်ရွှင်ကြည်နူးမှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
MyanmCelebrit