မြန်မာဆယ်လီ

အကိုဖြစ်သူ ပိုင်တံခွန် ရဲ့ အားပေးမူတွေကြောင့် အကယ်ဒမီရွှေကြို ဝင်ပြိုင်နေရကြောင်းပြောလာတဲ့ ညီဖြစ်သူ ရှင်ဘုန်းပြည့်

သရုပ်ဆောင်ပိုင်တံခွန်ရဲ့ ညီလေးဖြစ်သူ ရှင်ဘုန်းပြည့်ကတော့ အနုပညာအလုပ်တွေ လုပ်လာတာ ၁နှစ်ကျော်ကြာခဲ့ပါပြီ၊ The Teachers ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ အခိုင်အမာရရှိထားတဲ့ တက်သစ်စအနုပညာရှင်လေးပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်ရှင်ဘုန်းပြည့်က အစ်ကိုဖြစ်သူ မင်းသားချောပိုင်တံခွန်ရဲ့ အားပေးမှုတွေကြောင့် အကယ်ဒမီရွှေကြို ဝင်ပြိုင်နေရကြောင်းကို မီဒီယာတွေမှာ အခုလိုပြောလာခဲ့ပါတယ်နော်။ အကယ်ဒမီ ရွှေကြိုပြိုင်ဖို့ မေမေ နဲ့ ကိုကိုက အရမ်းအားပေးခဲ့ပါတယ်၊ ရွှေကြိုဆိုတာ ကျွန်တော့်ဘဝအတွက် မှတ်တိုင်တစ်ခုဖြစ်လာမှာပါ၊ ကိုယ့်ရဲ့တက်လမ်းတွေအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ၊ ရွှေကြိုသာအရွေးချယ်ခံရရင် ကိုကိုက သူ့ညီအတွက် ဂုဏ်ယူနေမှာပါ ဆိုပြီး ပြောပြလာခဲ့ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *