စစ်လွန်းဝတီထက်ဆိုတာနဲ့ လိမ္မာရေးခြားရှိတဲ့ ကလေးလေးတစ်ယောက်ပါ။ နာမည်ကျော်သရုပ်ဆောင်ထက်ထက်မိုးဦးရဲ့သမီးလေးလည်းဖြစ်ပါတယ်။
သမီးလေးဟာမိဘစုံလင်စွာမနေရပေမယ့် လိမ္မာရေးခြားရှိတဲ့ကလေးလေးပါ။ဘုရားတရားလည်းကိုင်းရှိုင်းပြီး လူကြီးတွေအပေါ်လည်းသိတက်တာပါ။ ဒါကြောင့်လည်းဖေဖေ အားကိုးဂုဏ်ယူနေရတာဖြစ်ပါတယ်။
သမီးလေးဟာ လူမှုကွန်ရက်လေးသုံးပြီးပုံရိပ်လေးတွေ တစ်နေ့တာလေးတွေကိုတင်ပေးလေ့ရှိပါတယ်။ အခုမှာလည်း သူမကြိုးစားမှုကြောင့်ရလာတဲ့အရာလေးကိုပြောပြခဲ့တာပါ။Sakamoto သင်္ချာ ပြိုင်ပွဲမှာGOLD ရလို့ ..သင်္ကြန်မှာ သမီး သီချင်းတွေဆိုလို့ က လို့ ရပြီ ခုမှ ပါပါး ဆီက ခွင့်ပြုချက်ရတယ်။
ပါပါးကို တစ်နေကုန်ကို ပြောလိုက်ရတယ် ခုမှ ရတယ် နိုင်ငံအဆင့်လည်း GOLD ထပ်ရအောင်ကြိုးစားပါမယ် နော်ဆိုပြီးပြောပြခဲ့တာပါ။ ပရိသတ်တွေလည်းသမီးလေးရဲ့ကြိုးစားမှုတွေကိုဂုဏ်ပြုစကားလေးနဲ့ပြောပေးကြပါဦးနော်။
MyanmCelebrit