Cele News မြန်မာဆယ်လီ

တစ်ပင်လဲပြီး တစ်ပင်ထူနိုင်ခဲ့တဲ့ သားမက်လောင်းလေးအတွက် ဂုဏ်ပြုစကားပြောလာတဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်ရဲ့မိခင်ဖြစ်သူ ဒေါ်အေးအေးမြင့်

တစ်ပင်လဲပြီး တစ်ပင်ထူနိုင်ခဲ့တဲ့ သားမက်လောင်းလေးအတွက် ဂုဏ်ပြုစကားပြောလာတဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်ရဲ့မိခင်ဖြစ်သူ ဒေါ်အေးအေးမြင့်

သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့ လတ်တလောမှာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားခံနေရတာဖြစ်ပါတယ်။ အကြောင်းကတော့ ပိုးကြာဖြူခင်က သူမရဲ့သတို့သားလောင်းဆီကနေ သိန်းသောင်းချီတန် လက်ဝတ်လက်စားတွေနဲ့ တင်တောင်းခြင်းခံခဲ့ရတာဖြစ်ပြီး ပရိသတ်တွေအတွက်တော့ တကယ့်ကို ပါးစပ်အဟောင်းသားဖြစ်စေတဲ့ ပမာဏတစ်ခုပါပဲ။

ဒါပေမယ့်လည်း ပိုးကြာဖြူခင်ရဲ့ သတို့သားလောင်းဟာ ဇနီးကွယ်လွန်သွားတာ (၇) လခန့်သာရှိသေးတဲ့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး ကလေးကလည်း သုံးယောက်တိတိရှိနေတာကြောင့်ပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ပိုးကြာဖြူခင်ကို နှမြောစိတ်နဲ့ လူပျိုလူလွတ်လေးနဲ့ ရစေချင်ပေမယ့် ပိုးကြာဖြူခင်ဟာ သူမမိခင်ရဲ့ဆန္ဒကို ဦးစားပေးပြီး လက်ထပ်ပွဲကို မြန်မြန်ဆန်ဆန်လေး စီစဉ်ခဲ့တယ်လို့သိရပါတယ်။

ပိုးကြာဖြူခင်ရဲ့ မိခင်အနေနဲ့လည်း သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို တော်တော်လေး စိတ်အားထက်သန်နေခဲ့ပြီး သမက်လောင်းရဲ့ အတိတ်ကိုလည်း နားလည်ခွင့်လွှတ်ပေးကာ “တပင်လဲလို့ တပင်ထူနိုင်တဲ့ သားအတွက်ဝမ်းသာနေကြတာ။” ဆိုပြီး ခမည်းခမက်တွေနဲ့ ဓာတ်ပုံကိုတင်လာခဲ့ပါတယ်။

ပိုးကြာဖြူခင်နဲ့ သူမရဲ့ခင်ပွန်းလောင်းကလည်း ပိုးကြာဖြူခင်ရဲ့မေမေအတွက် မေမေလှူချင်တန်းချင်တာတွေလုပ်နိုင်ဖို့ သိန်းထောင်ချီငွေတွေကို ကန်တော့ခဲ့သေးတယ်လို့သိရပါတယ်။ ပိုးကြာဖြူခင်ရဲ့ လက်ထပ်ပွဲကတော့ ပိုးကြာဖြူခင်ရဲ့ စိတ်သဘောထက် သူမမိခင်ရဲ့စိတ်သဘောဆန္ဒအတိုင်း မြန်မြန်ဆန်ဆန်လေးဖြစ်လာခဲ့တယ်လို့ အင်တာဗျူးဗီဒီယိုတွေမှာလည်းတွေ့ရပါတယ်။

Zawgyi version

တစ္ပင္လဲၿပီး တစ္ပင္ထူႏိုင္ခဲ့တဲ့ သားမက္ေလာင္းေလးအတြက္ ဂုဏ္ျပဳစကားေျပာလာတဲ့ သ႐ုပ္ေဆာင္ပိုးၾကာျဖဴခင္ရဲ႕မိခင္ျဖစ္သူ ေဒၚေအးေအးျမင့္

သ႐ုပ္ေဆာင္ပိုးၾကာျဖဴခင္ကေတာ့ လတ္တေလာမွာ ပရိသတ္ေတြၾကားမွာ စိတ္ဝင္စားခံေနရတာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ပိုးၾကာျဖဴခင္က သူမရဲ႕သတို႔သားေလာင္းဆီကေန သိန္းေသာင္းခ်ီတန္ လက္ဝတ္လက္စားေတြနဲ႔ တင္ေတာင္းျခင္းခံခဲ့ရတာျဖစ္ၿပီး ပရိသတ္ေတြအတြက္ေတာ့ တကယ့္ကို ပါးစပ္အေဟာင္းသားျဖစ္ေစတဲ့ ပမာဏတစ္ခုပါပဲ။

ဒါေပမယ့္လည္း ပိုးၾကာျဖဴခင္ရဲ႕ သတို႔သားေလာင္းဟာ ဇနီးကြယ္လြန္သြားတာ (၇) လခန႔္သာရွိေသးတဲ့ မုဆိုးဖိုတစ္ေယာက္ျဖစ္ၿပီး ကေလးကလည္း သုံးေယာက္တိတိရွိေနတာေၾကာင့္ပဲျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ ပိုးၾကာျဖဴခင္ကို ႏွေျမာစိတ္နဲ႔ လူပ်ိဳလူလြတ္ေလးနဲ႔ ရေစခ်င္ေပမယ့္ ပိုးၾကာျဖဴခင္ဟာ သူမမိခင္ရဲ႕ဆႏၵကို ဦးစားေပးၿပီး လက္ထပ္ပြဲကို ျမန္ျမန္ဆန္ဆန္ေလး စီစဥ္ခဲ့တယ္လို႔သိရပါတယ္။

ပိုးၾကာျဖဴခင္ရဲ႕ မိခင္အေနနဲ႔လည္း သမီးျဖစ္သူရဲ႕ မဂၤလာပြဲကို ေတာ္ေတာ္ေလး စိတ္အားထက္သန္ေနခဲ့ၿပီး သမက္ေလာင္းရဲ႕ အတိတ္ကိုလည္း နားလည္ခြင့္လႊတ္ေပးကာ “တပင္လဲလို႔ တပင္ထူႏိုင္တဲ့ သားအတြက္ဝမ္းသာေနၾကတာ။” ဆိုၿပီး ခမည္းခမက္ေတြနဲ႔ ဓာတ္ပုံကိုတင္လာခဲ့ပါတယ္။

ပိုးၾကာျဖဴခင္နဲ႔ သူမရဲ႕ခင္ပြန္းေလာင္းကလည္း ပိုးၾကာျဖဴခင္ရဲ႕ေမေမအတြက္ ေမေမလႉခ်င္တန္းခ်င္တာေတြလုပ္ႏိုင္ဖို႔ သိန္းေထာင္ခ်ီေငြေတြကို ကန္ေတာ့ခဲ့ေသးတယ္လို႔သိရပါတယ္။ ပိုးၾကာျဖဴခင္ရဲ႕ လက္ထပ္ပြဲကေတာ့ ပိုးၾကာျဖဴခင္ရဲ႕ စိတ္သေဘာထက္ သူမမိခင္ရဲ႕စိတ္သေဘာဆႏၵအတိုင္း ျမန္ျမန္ဆန္ဆန္ေလးျဖစ္လာခဲ့တယ္လို႔ အင္တာဗ်ဴးဗီဒီယိုေတြမွာလည္းေတြ႕ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *