မြန်မာဆယ်လီ

စကတ်ပေါင်တိုလေးဝတ်ထားတဲ့ မေတိုးခိုင်ကို အပေါ်ထပ်အင်္ကျီလေးချွတ်ပေးပြီး ကာကွယ်ပေးခဲ့တဲ့စိတ်ထားကြောင့် ပရိသတ်ချီးကျူးခံနေရတဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်နဲ့ မင်းသမီးချော မေတိုးခိုင်တို့ကတော့ အနုပညာလောကမှာ နာမည်ရတဲ့ မျိုးဆက်သစ်သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ မေတိုးခိုင်တို့ နှစ်ယောက်စလုံးက အသက်အရွယ်မတိမ်းမယိမ်းလေးတွေဖြစ်တာကြောင့် အနုပညာအလုပ်တွေအများကြီးကို အတူတူလုပ်ကိုင်ရသလို အပြင်မှာလည်း သူငယ်ချင်းအရင်းအချာတွေလို ခင်မင်ရင်းနှီးကြသူတွေဆိုလည်း မမှားပါဘူး။ ပိုင်တံခွန်နဲ့ မေတိုးခိုင်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Samsung ဖုန်းအသစ်မိတ်ဆက်ပွဲကို အတူတူတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဆိုပါပွဲမှာ မေတိုးခိုင်က စကပ်ပေါင်တိုလေးဝတ်ခဲ့တာကြောင့် စင်ပေါ်တက်ရလို့ ခုံမှာထိုင်တဲ့အခါ အခက်အခဲရှိခဲ့ပြီး ပိုင်တံခွန်က သူဝတ်လာခဲ့တဲ့ အပေါ်ထပ်အင်္ကျီလေးကို မေတိုးခိုင်ပေါင်ပေါ်မှာတင်စေခဲ့ပြီး သူငယ်ချင်းကို ကာကွယ်ပေးခဲ့တာကို တွေ့ရပါတယ်။ ပိုင်တံခွန်ကတော့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ သူငယ်ချင်း မေတိုးခိုင်ကို ငဲ့ညာတဲ့အနေနဲ့ သူဝတ်ဆင်လာတဲ့ အပေါ်ထပ်အင်္ကျီလေးကို ချွတ်ပေးခဲ့ပြီး ကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ စိတ်ထားလေးကတော့ အချိန်ကြာလို့ ပိုသိလာလေလေ ပိုပြီးချစ်စရာကောင်းလေပဲဖြစ်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *