သရုပ်ဆောင် အဆိုတော် ချစ်သုဝေကတော့ သူ့ရဲ့ခင်ပွန်းလင်းလင်းနဲ့အတူတူ စစ်အာရှင်ကိုဆန့်ကျင်တော်လှန်နေရင်း သူမတို့ရဲ့ဘဝတွေ အလုပ်တွေ မိသားစုတွေကို စွန့်ခွာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
ချစ်သုဝေ၊ လင်းလင်းနဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ဟာ နေအိမ်ကနေ ထွက်ခွာလာခဲ့တဲ့ တစ်နှစ်ကျော်အတွင်း လုံခြုံတဲ့နေရာမှာပဲနေထိုင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေအတွက် နိုင်တဲ့တာဝန်တွေကို အမြဲတမ်းထမ်းဆောင်နေတဲ့ ချစ်သုဝေနဲ့ လင်းလင်းဟာ ပြီးခဲ့တဲ့ရက်မှာလည်း CDM ဝန်ထမ်းတွေကိုယ်တိုင်ဖန်တီးထားတဲ့ အင်္ကျီလေးတွေကို ကြော်ငြာရိုက်ပေးပြီး ရောင်းချပေးခဲ့ပါသေးတယ်။
အဆိုပါအင်္ကျီကြော်ငြာရိုက်ကွင်းနဲ့ပတ်သက်ပြီး ချစ်သုဝေက “ဘေပူးညို BGLဟာ အရင်က couple ကြော်ငြာဆို ရိုက်ဖို့ ပြောလို့မရဘူး😬(သမီးလေးတွေ အတွက်ကလွဲလို့)..မေ..ဖေ မင်းသားမဟုတ်ဘူးဆိုတာကပါသေး🤣..သိပါတယ်တော်🙄😬😛 အခုတော့ 💿mersကျေးဇူးနဲ့ မယ် trezaလေးဟာ coupleပုံလေးတွေလည်းရ စိတ်ချမ်းသာစရာ အခိုက်အတန်းတွေလည်းရခဲ့လို့🤍🕊😛” ဆိုပြီး ရိုက်ကွင်းပေါ်က အမှတ်တရဗီဒီယိုလေးကို အခုလိုပဲမျှဝေပေးလာပါတယ်။ချစ်သုဝေက တချိန်က ကြော်ငြာတစ်ခုရိုက်ရင်း နံဘေးမှာ မိတ်ကပ်ဆရာ၊ စတိုင်လစ်၊ ဒီဇိုင်နာ စသည်ဖြင့် လူတွေအများကြီးနဲ့ ရိုက်ကူးခဲ့ရပေမယ့် အခုအချိန်မှာတော့ ကြော်ငြာတစ်ခုရိုက်ဖို့ကို ကိုယ်တိုင်မီးပူတိုက်၊
အလှပြင်ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချစ်သုဝေက သူမလက်ရှိရရှိထားတဲ့ဘဝလေးမှာ အေးချမ်းစွာနေထိုင်နေလျက်ရှိတာကိုလည်းတွေ့ရပါတယ်။
MyanmCelebrit