ပရိသတ်တွေချစ်ရသူလေး ဝိုင်းစုခိုင်သိန်းကတော့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးလေးတစ်လက်သာမကပဲ သီချင်းဆိုလည်းတော်တဲ့ အဆိုတော်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းဟာ အခုလက်ရှိမှာတော့ အွန်လိုင်း Live Sale တွေကိုရောင်းချနေလျက်ရှိပြီး အနုပညာအလုပ်တွေကိုတော့ အနည်းအကျဉ်းသာလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဘယ်အလုပ်လေးမဆို စေတနာပါပါနဲ့လုပ်ဆောင်တတ်တဲ့ ဝိုင်းစုခိုင်သိန်းဟာ လက်ရှိ အွန်လိုင်း Live Sale လောကမှာလည်း နာမည်ရလာခဲ့ပြီပဲဖြစ်ပါတယ်။အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ကိုင်သလို အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောလုပ်ကိုင်နေလျက်ရှိတဲ့ ဝိုင်းစုခိုင်သိန်းဟာ ဒီကနေ့မှာလည်း သံဃာတော်တွေအတွက် မော်တော်ယာဉ်တစ်စီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဝိုင်းစုခိုင်သိန်းက “ဝိုင်းစုရဲ့ အလှုတိုင်းဟာလည်း ဝိုင်းစုရဲ့ ပရိတ်သတ်ကြီးနဲ့ တိုက်ရိုက်အချိုးကြပါတယ်။ ဒါကြောင့်ဝိုင်းစုရဲ့အလှုလေးကို အားလုံးပဲသာဓုခေါ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်ရှင့်🙏🙏” ဆိုပြီး မျှဝေလာပါတယ်။ဝိုင်းစုခိုင်သိန်းကတော့ သူမရဲ့ကျေးဇူးရှင်မိဘနှစ်ပါးကို ဦးထိပ်ထားပြီး မြန်မာ့နှစ်ကူးကုသိုလ်အဖြစ် သံဃာတော်များအတွက် ကားတစ်စီး လှူဒါန်းကုသိုလ်ပြုခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း ဝိုင်းစုခိုင်သိန်းရဲ့ ကုသိုလ်အတွက် ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။
MyanmCelebrit