MRTV4 သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့ပြီဖြစ်တဲ့ ပိုးကြာဖြူခင်ဟာ မနေ့က ဧပြီလ (၁) ရက်နေ့မှာတော့ ပရိသတ်တွေကို သူမရဲ့ မင်္ဂလာသတင်းနဲ့ Surprise တိုက်ခဲ့တာကို တွေ့ရပါတယ်။
ပိုးကြာဖြူူခင်က သူမရဲ့သတို့သားလောင်းဆီကနေ ရွှေနှစ်ပိဿာ၊ လက်ဝတ်လက်စား (၁၁) ဆင်စာနဲ့ ငွေ သိန်း (၂၀၀၀)၊ အခြားသော ရွှေငွေလက်ဝတ်လက်စားတွေများစွာနဲ့ တင်တောင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပိုးကြာဖြူခင်ရဲ့ သတို့သားလောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး မယားကြီးကွယ်လွန်သွားတာလည်း (၇) လခန့်သာရှိသေးတယ်ဆိုပြီး ဖော်ထုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပိုးကြာဖြူခင်ရဲ့ သတို့သားလောင်းဟာ ကလေးသုံးယောက်လည်းရှိသေးတယ်လို့သိရပါတယ်။
ပိုးကြာဖြူခင်ကတော့ သူမရဲ့အိမ်ထောင်ဖက်နဲ့ပတ်သက်ပြီး သူမကိုယ်တိုင်ထက်စာရင် မိခင်ဖြစ်သူရဲ့ဆန္ဒကို ပိုပြီးဦးစားပေးလိုက်လျောခဲ့ကြောင်း အင်တာဗျူးဗီဒီယိုတွေမှာ ဖြေဆိုထားတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ပိုးကြာဖြူခင်ဟာ သူမရဲ့ သတို့သားလောင်းနဲ့ပတ်သက်ပြီး ဘာကိုမှဖွင့်ဟပြောဆိုခြင်းမရှိသေးပါဘူး။
MyanmCelebrit