မိသားစုပြိုင်ပွဲရဲ့အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်နေရာကို အစားထိုးလိုက်လို့ ပရိသတ်တွေကြားပွဲဆူနေတဲ့ သတင်းအပြည့်အစုံ
ပရိတ်သတ်ကြီးရေChannel 7 ရုပ်သံလိုင်း ကနေ စနေတနင်္ဂနွေနေ့တွေမှာ ဆိုရင် ထုတ်လွှင့်ပြသပြီး တစ်နိုင်ငံလုံးက လူကြီး၊ လူငယ်ပရိသတ် အားလုံးရဲ့ အားပေးမှုကို ရရှိထားတဲ့ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ဟာ ပရိသတ်ကြီးအားလုံး သိပြီးသားအတိုင်း အမေရိကန် နာမည်ကြီးဂိမ်းရှိုးဖြစ်တဲ့ Family Feud ကို ကူးယူထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
မိသားစုပြိုင်ပွဲ” အစီအစဉ်ကို ပရိသတ်တွေကလည်း လာရောက်ယှဉ်ပြိုင်ကြသလို နာမည်ကြီး အနုပညာရှင်တွေလည်း လာရောက်ပါဝင်ယှဉ်ပြိုင်နေကြတာပဲဖြစ်ပါတယ်။
ပရိတ်သတ်တွေတစ်ခဲနက် အားပေးခဲ့ကြတဲ့ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ရဲ့ပင်တိုင်စံမူလ တင်ဆက်သူဟာဆိုရင် အစီအစဉ် တင်ဆက်သူကောင်းထက်ဇော်ဖြစ်ပြီး နှစ်အတော်ကြာအောင်ကောင်းထက်ဇော်ကပဲတင်ဆက်လာတဲ့အတွက် ပရိတ်သတ်တွေရဲ့စိတ်ထဲမှာလည်း” မိသားစုပြိုင်ပွဲ” အစီအစဉ်ဆိုရင် ကောင်းထက်ဇော်နဲ့ပဲတွဲမြင်နေကျဖြစ်ပါတယ်နော်။
ဒါပေမယ့် ပြီးခဲ့တဲ့အပတ်ကစပြီး ” မိသားစုပြိုင်ပွဲ” အစီအစဉ်ဟာ ပုံစံအသစ်ပြောင်းလဲသွားခဲ့ပြီး အစီအစဉ်တင်ဆက်သူကောင်းထက်ဇော်နေရာမှာ စိုးထွန်းဝင်းကပြောင်းလည်းတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်နော်။
ပရိသတ်တွေ ကတော့ နှစ်ပေါင်းများစွာ ကြည့်ရှုလာခဲ့တဲ့ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ကို ကောင်းထက်ဇော် တင်ဆက်တာကိုပဲ ပိုမိုသဘောကျကြပြီး စိုးထွန်းဝင်း တင်ဆက်တဲ့ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ကိုတော့ စိတ်တိုင်း မကျမှုတွေရှိနေတယ်လို့ မှတ်ချက်ချနေကြတာပဲဖြစ်ပါတယ်။