Cele News မြန်မာဆယ်လီ

ခေတ်ပျက်ကြီးထဲ အလုပ်မရှိမှာစိုးရိမ်နေတဲ့နာမည်ကြီးအနုပညာရှင်တွေကို အလုပ်နဲ့ပတ်သက်ပြီးတစ်ကွက်ပြလိုက်တဲ့ ခြိမ့်ကေကို(ခ)ဘနားနား

ခေတ်ပျက်ကြီးထဲ အလုပ်မရှိမှာစိုးရိမ်နေတဲ့နာမည်ကြီးအနုပညာရှင်တွေကို အလုပ်နဲ့ပတ်သက်ပြီးတစ်ကွက်ပြလိုက်တဲ့ ခြိမ့်ကေကို(ခ)ဘနားနား

မင်္ဂလာပါ ပရိသတ်ကြီးရေ ခြိမ့်ကေကို (ခ) ဘနားနား ကတော့ ပရိသတ်တွေ မိတ်ဆက်ပေးစရာ မလို လောက်အောင်ကိုပဲ လူသိများတဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

မြန်မာ Idol သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လူရွေးပွဲဝင် ကြိုးစားရင်း နိုင်ငံကျော် ဝါရင့်အနုပညာရှင်ကြီး တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ရဲ့မေတ္တာဖြင့် ငှက်ပျောသီးကျွေး တာကို စားခဲ့ရပြီးနောက် ဘနားနားရယ်လို့ လူသိများ လာကာ လှောင်ပြောင်ပျက်ရယ်မှုများ အမျိုးမျိုး ကြုံတွေ့ ခဲ့ရသော်လည်းသူ့ရဲ့ယုံကြည်ချက်အတိုင်း တဖြည်းဖြည်းနဲ့ အားထုတ်ကြိုးစားကာ သူ ချစ်သော ဂီတအနုပညာကို လက်မလျှော့ဘဲ ဖက်တွယ်ကာ ထားတဲ့ ဝါသနာရှင်လေး တစ်ဦးဟာ ဘနားနားပါပဲ နော်။

နာမည်ကြီးချင်လို့ လုပ်နေတာ မဟုတ်ဘဲ လုပ် နေရင်းနဲ့ လူသိများကာ နာမည်ကြီးလာတဲ့ ခြိမ့်ကေ ကိုဟာ ယခုအခါမှာဆိုရင်တော့ သူ့ကို စသိခဲ့ကြတဲ့ အချိန်ကာလတုန်းကနဲ့ မတူတော့ဘဲသူ့ရဲ့မလျှော့သော ဇွဲလုံ့လ အားထုတ်မှုတို့ကြောင့် သီချင်းသီဆိုမှုပိုင်းမှာ အများကြီး တိုးတက်လာတာ ငြင်းမရတဲ့ အမှန်တရား တစ်ခုပါပဲနော်။ဘနားနား(ခ) ခြိမ့်ကေကို ဟာ ကိုယ်တိုင်ရေးကာ ကိုယ်တိုင်ဆိုတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတချို့ ထွက်ရှိထားပြီး တစ်ပုဒ်နဲ့ တစ်ပုဒ် ကြိုးစားအားထုတ်ထားမှုဟာ သိသာလာသလိုသူ့ရဲ့ သီချင်းများဟာလည်း နာမည်ကြီးတေးရေးတွေရေးတဲ့ သီချင်းတွေလောက် သံစဉ်စာသား ပြည့်ဝမှု ရှိသေးသော်လည်း သူ့နည်းသူ့ဟန်နဲ့ အကောင်းဆုံး ဖန်တီးကာဘဝအတွက် ပရိသတ်အတွက် ခွန်အား ဖြည့်ပေးနိုင်ဖို့ အစွမ်းကုန် အားထုတ်ရေးသား သီဆို ထားတာကိုလည်း တွေ့မြင်ကြရကာ သိပြီးသား ဖြစ် တေ မှာပါပဲနော်။

ဝေဖန်မှုတွေကြားကနေ အားတင်းကာ ရှေ့ဆက်လာတဲ့ ခြိမ့်ကေကိုဟာ ခေတ်စနစ်တွေ ပြောင်းလဲလာပေမယ့် ယုံကြည်ချက်နဲ့ဇွဲက မပြောင်း မလဲ ရှိနေ ကြိုးစားနေဆဲ ဖြစ်တာကို တွေ့ရပြီးယခုလို တိုင်းပြည် ကမောက်ကမ ဖြစ်နေချိန်မှာ နာမည်ကြီး ဆယ်လီ နာမည်ကြီးအနုပညာရှင်တွေက အနုပညာပဲ လုပ်တတ်၍ဟု ဆိုကာ တနည်း၊ဝမ်းရေးအတွက်ဟု ပြောကာ တဖုံ အကြောင်း မျိုးစုံပြပြီး နည်းမျိုးစုံနဲ့ ဝင်ငွေတိုးပွားဖို့ အားထုတ်ကာ လုပ်ဆောင်နေကြချိန် မှာနာမည်ကြီး အနုပညာရှင်တွေ ကြားမှာ ဘောင် တန်းမဝင်သေး သော်လည်း တတ်စွမ်းသမျှ အကောင်းဆုံး ကြိုးကုတ်အားထုတ်နေဆဲ ဖြစ်တဲ့ ခြိမ့် ကေကိုကတော့စားစရာ မရှိရင် ဗိုက်မှောက်ကာ နေ ပြီး ဝါသနာပါရာ ဂီတကိုသာ ဆက်လုပ်နေမည်၊ ချစ်ခင်အားပေးသော ပရိသတ်ပြည်သူတွေကို အ ဆိ ပ်မခတ်ဟူသော ထုံးကို နှလုံးမူပြီးရတဲ့နည်းနဲ့ ငွေရှာဖို့ ကြိုးစားနေကြတဲ့ အနုပညာရှင်များ ဆယ်လီများ များပြားနေတဲ့ ယခုလို ခေတ်အခါကြီးမှာ ပြတ်သား ရဲဝံ့စွာဖြင့် ကြော်ငြာချက် တစ်စောင် ရေးသားလာခဲ့ပါတယ်။

ခြိမ့်ကေကို ရေးသား ပြောကြားလာသော ကြော်ငြာချက်ကတော့ “အသိပေးအပ်ပါသည် ကျွန်တော်ခြိမ့်ကေကို အကောင့်နှင့်ပေ့စ်များတွင် နေ့ တိုင်းလိုလိုကမ်းလှမ်းနေပါသောဂိမ်းကြော်ငြာများ အားလုံး ပရိတ်သတ်များကို လေးစားတန်းဖိုးထား သောအားဖြင့် ယနေ့ချိန်မှစ၍ လက်မခံတော့ပါ ကြောင်း အသိပေးအပ်ပါသည် နောက်ပြီး ကျွန်တော် ပုံတွေ ယူသုံးပြီးကြော်ငြာနေပါသော ပေ့စ်များ ကျွန်တော်အနေဖြင့် ယနေ့ထိ ကမ်းလှမ်းမူများရှိနေ ပေမယ် လက်မခံတော့ တာကြောင့် မဟုတ်မမှန် မ မ ကြော်ငြာဘဲ့ ပုံတွေ ယူမသုံးဖို့ အသိပေးအပ်ပါသည် တခြားလုပ်ငန်းများ ရိုးရိုးသားသားဘဲ့ ကျွန်တော် လက်ခံသွားပါမည် နောက်ပြီး ကျွန်တော်ရဲ့မက် စေ့ဘောက်က စာပြည့်ပြီး အားလုံး ဖတ်မရဖြစ်နေတဲ့ အတွက်လုပ်ငန်းကိစ္စများ ယခု တက်(tag) ထားတဲ့ ကျွန်တော်ရဲ့အမေ မက်စေ့ကနေလည်း ပြောလို့ ရပါ တယ်” ဆိုပြီး ရိုးသားပွင့်လင်း ပြတ်သား စွာ ရေးသား ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

ခေတ် အဆက်ဆက် ၊ နည်း ပရိသတ်ကြီးရေ အထပ်ထပ် နဲ့ ဝင်ငွေရှာပြီး ကြွယ်ဝနေကြပြီးသား ဖြစ်သော်လည်း ခေတ်အပျက်မှာ စည်းစိမ် ယုတ်လျော့သွားမှာ ကြောက်စိတ်ပိုကာဝင်ငွေတွေ တိုးဖို့ နည်းအမျိုးမျိုး ပြောဆိုကာ ဝင်ငွေရှာကာ ပရိသတ်ကို အဆိ ပ်ခ တ် နေကြတဲ့ နာမည်ကြီး ဆယ်လီ၊ အနုပညာရှင် ဆိုသူများထက်ကြိုးစားဆဲ ရုန်းကန် ဆဲ ဖြစ်တဲ့ အလှောင်အပြောင်ခံ ဂီတဝါသနာရှင် ဆယ် လီ တစ်ဦးဖြစ်တဲ့ ဘနားနား ခေါ် ခြိမ့်ကေကိုရဲ့ စိတ်ထားနဲ့ လုပ်ရပ်က ပိုမိုသာလွန် နေတာမို့ကိုယ် ချမ်းသာဖို့ ရှေးရှုကာ ငွေရှာဖို့အရေးပဲ တွေးနေတဲ့ နိုင်ငံကျော် နာမည်ကြီး ဆယ်လီအနုပညာရှင်ကြီးတွေ ထက် လူငယ်ဝါသနာရှင် ဆရာခြိမ့်ရဲ့ စိတ်ထားကသာ အပုံ၁ဝဝ ပုံရင် ၁၀၀လုံး သာတာမို့ နာမည်ကြီးဆယ် လီအနုပညာရှင် တွေ ကြားက တဲ့ ကြယ်လေးတစ်ပွင့်လို့ ပုံနှိုင်းရေးသားကာ ခေါင်းစဉ် တပ်လိုက်တာ လွန်မယ် မထင်ပါဘူးနော်။

Leave a Reply

Your email address will not be published. Required fields are marked *