မြန်မာဆယ်လီ

ချစ်ညီမလေး ဧငြိမ်းဖြူရဲ့ဆိုင်လေးကို ဒုတိယအကြိမ်မြောက်သွားရောက် အားပေးခဲ့တဲ့ သရုပ်ဆောင် နန်းဆုရတီစိုး

မင်းသမီး အဆိုတော် နန်းဆုရတီစိုးကတော့ ချစ်စရာကောင်းပြီး စိတ်ထားလေးလည်းလှပတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်မှုကိုသာမက အနုပညာအသိုင်းအဝိုင်းရဲ့ ချစ်ခင်မှုကိုလည်း ရရှိခဲ့တာပဲဖြစ်ပါတယ်။ နန်းဆုရတီစိုးဟာ အခုဆိုရင် အသက်သုံးဆယ်ကျော်အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းဆုရတီစိုးက သူ့ရဲ့သူငယ်ချင်းလည်းဖြစ်ပြီး ညီမလေးတစ်ယောက်လိုလည်း ရင်းနှီးတဲ့ သရုပ်ဆောင် မော်ဒယ်လ် ဧငြိမ်းဖြူရဲ့ Bar 86 ဆိုင်လေးကို လည်ပတ်ခဲ့တယ်လို့ဆိုပါတယ်။နန်းဆုရတီစိုးက “နွေဦးရဲ့ ညနေခင်းလေးမှာ A ရဲ့ ဆိုင်လေးကို နောက်တကြိမ် အလည်တခေါက်ဆိုပြီး အမှတ်တရပုံရိပ်လေးကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။နန်းဆုရတီစိုးကတော့ ညီမလေးဧငြိမ်းဖြူရဲ့ Bar86 ဆိုင်လေးကို သဘောကျလွန်းလို့ ဒုတိယအကြိမ်ပြန်သွားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးလည်း ဧငြိမ်းဖြူရဲ့ဆိုင်လေးကို အခွင့်အခါသင့်ရင် အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *