Cele News မြန်မာဆယ်လီ

ခေါင်းဆောင်မင်းသားချော မြင့်မြတ်နဲ့ အတူတူတွဲသရုပ်ဆောင်ခွင့်ရတာက အခွင့်အရေးကောင်းတစ်ခုပါပဲဆိုပြီး ပြောလာတဲ့ အဆိုတော်လွှမ်းပိုင်

ခေါင်းဆောင်မင်းသားချော မြင့်မြတ်နဲ့ အတူတူတွဲသရုပ်ဆောင်ခွင့်ရတာက အခွင့်အရေးကောင်းတစ်ခုပါပဲဆိုပြီး ပြောလာတဲ့ အဆိုတော်လွှမ်းပိုင်

အဆိုတော်လွှမ်းပိုင်ကတော့ သီချင်းတွေကိုသီဆိုတဲ့ တေးရေး တေးဆိုတစ်ယောက်ဆိုပေမယ့် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။

လွှမ်းပိုင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ခြင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံများများစားစားရှိနေသူတစ်ယောက်လို့ဆိုလည်း မမှားပါဘူး။

လက်ရှိမှာလည်း ဇာတ်လမ်းတွဲတစ်ခုကိုရိုက်ကူးနေလျက်ရှိတဲ့ လွှမ်းပိုင်ဟာ သူ့အနေနဲ့ ထိပ်တန်းမင်းသား မြင့်မြတ်နဲ့အတူတူ သရုပ်ဆောင်ရပြီး သူ့အနေနဲ့ မြင့်မြတ်နဲ့ဆုံခဲ့ရတာကို အခွင့်ထူးတစ်ခုလို့ သက်မှတ်ကြောင်းပြောလာပါတယ်။

လွှမ်းပိုင်က “ဇာတ်လိုက်လို့ ခေါ်ကြတဲ့ ကိုမြင့်မြတ်အပေါ် ကျွန်တော်အများကြီးလေးစားပါတယ်။ ကိုမြင့်မြတ်နဲ့အတူတူ အလုပ်လုပ်ခွင့်ရခဲ့တာ ကျွန်တော့အတွက် တကယ့်ကိုကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ” ဆိုပြီး အမှတ်တရပြောလာပါတယ်။

လွှမ်းပိုင်ဟာ သူ့အနေနဲ့ သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်လမ်းတွေအများကြီးရိုက်ကူးဖူးခဲ့ပြီး မြင့်မြတ်နဲ့ဆုံတာတော့ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်နဲ့ မြင့်မြတ်တို့ရဲ့ ဇာတ်ကားလေးထွက်ရှိလာရင် အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။

Zawgyi version

ေခါင္းေဆာင္မင္းသားေခ်ာ ျမင့္ျမတ္နဲ႔ အတူတူတြဲသ႐ုပ္ေဆာင္ခြင့္ရတာက အခြင့္အေရးေကာင္းတစ္ခုပါပဲဆိုၿပီး ေျပာလာတဲ့ အဆိုေတာ္လႊမ္းပိုင္

အဆိုေတာ္လႊမ္းပိုင္ကေတာ့ သီခ်င္းေတြကိုသီဆိုတဲ့ ေတးေရး ေတးဆိုတစ္ေယာက္ဆိုေပမယ့္ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ရပ္တည္ေနသူတစ္ေယာက္ျဖစ္ပါတယ္။

လႊမ္းပိုင္ဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ဗီဒီယိုဇာတ္ကားေတြ၊ ဇာတ္လမ္းတြဲေတြမ်ားစြာကို ႐ိုက္ကူးခဲ့ၿပီး သ႐ုပ္ေဆာင္ျခင္းနဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံမ်ားမ်ားစားစားရွိေနသူတစ္ေယာက္လို႔ဆိုလည္း မမွားပါဘူး။

လက္ရွိမွာလည္း ဇာတ္လမ္းတြဲတစ္ခုကို႐ိုက္ကူးေနလ်က္ရွိတဲ့ လႊမ္းပိုင္ဟာ သူ႔အေနနဲ႔ ထိပ္တန္းမင္းသား ျမင့္ျမတ္နဲ႔အတူတူ သ႐ုပ္ေဆာင္ရၿပီး သူ႔အေနနဲ႔ ျမင့္ျမတ္နဲ႔ဆုံခဲ့ရတာကို အခြင့္ထူးတစ္ခုလို႔ သက္မွတ္ေၾကာင္းေျပာလာပါတယ္။

လႊမ္းပိုင္က “ဇာတ္လိုက္လို႔ ေခၚၾကတဲ့ ကိုျမင့္ျမတ္အေပၚ ကြၽန္ေတာ္အမ်ားႀကီးေလးစားပါတယ္။ ကိုျမင့္ျမတ္နဲ႔အတူတူ အလုပ္လုပ္ခြင့္ရခဲ့တာ ကြၽန္ေတာ့အတြက္ တကယ့္ကိုႀကီးမားတဲ့ အခြင့္အေရးတစ္ခုပါပဲ” ဆိုၿပီး အမွတ္တရေျပာလာပါတယ္။

လႊမ္းပိုင္ဟာ သူ႔အေနနဲ႔ သ႐ုပ္ေဆာင္ေပါင္းမ်ားစြာနဲ႔ ဇာတ္လမ္းေတြအမ်ားႀကီး႐ိုက္ကူးဖူးခဲ့ၿပီး ျမင့္ျမတ္နဲ႔ဆုံတာေတာ့ ပထမဦးဆုံးအႀကိမ္ပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း လႊမ္းပိုင္နဲ႔ ျမင့္ျမတ္တို႔ရဲ႕ ဇာတ္ကားေလးထြက္ရွိလာရင္ အားေပးၾကပါဦးလို႔ ေတာင္းဆိုလိုက္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *