မြန်မာဆယ်လီ

ကျောင်းသင်္ကြန်ပွဲကို စိတ်ပါဝင်စားစွာနဲ့ ပါဝင်ဆင်နွှဲနေတဲ့ သားနဲ့သမီးကိုကြည့်ပြီး ချစ်လို့မဝနိုင်ဖြစ်နေတဲ့ သဉ္ဇာနွယ်ဝင်း

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ကြော်ငြာတွေရိုက်ကူးရင်းကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ သူမရဲ့လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးနေတာ ယနေ့အချိန်ထိပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေလုပ်ရင်း သားနဲ့သမီးကိုလည်း အကောင်းဆုံးပြုစုပျိုးထောင်နေတဲ့ သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့အချိန်တွေကို သားသမီးလေးတွေအတွက် အများဆုံးပေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သဉ္ဇာနွယ်ဝင်းက ကျောင်းသင်္ကြန်ပွဲကို စိတ်ပါဝင်စားစွာနဲ့ ပါဝင်ဆင်နွှဲနေတဲ့ သားနဲ့သမီးကိုကြည့်ပြီး ချစ်လို့မဝနိုင်ဖြစ်နေကာ ကလေးတွေရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာပါတယ်။ သဉ္ဇာနွယ်ဝင်းရဲ့ သားနဲ့သမီးကတော့ မျက်နှာလေးတွေရှင်းရှင်းလေးတွေနဲ့ မေမေနဲ့တူပြီး အရမ်းချစ်စရာကောင်းကြတာပဲဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတို့မိသားစုလေး အခုလိုပဲ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *