Rapper မလေး အဆိုတော် မိစန္ဒီကတော့ လူငယ်ပရိသတ်တွေအကြိုက် သီချင်းအမိုက်စားတွေကိုသီဆိုသလို ခံစားချက်အပြည့်ပါတဲ့ အချစ် အလွမ်းအဆွေး သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုတတ်သူတစ်ယောက်ဖြစ်ပါတယ်။
အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ မိစန္ဒီဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပတ်သက်ပြီး အရင်နဲ့မတူပဲ ဝလာခဲ့တာကြောင့် သူမရဲ့ လက်ရှိအခြေအနေကိုပြောလာပါတယ်။
မိစန္ဒီက သူမအနေနဲ့ ဝလာတာကိုသိပေမယ့် ဝိတ်မကျရသေးတဲ့အကြောင်းအရင်းဟာ “အပျင်းကြီးလို့ ဝက်ဖြစ်တာ မဟုတ်ဘူးနော်.. အရမ်းစားလို့ ဝက်တာ 😋 work out လည်း ပုံမှန်လုပ်တယ်.. ကျန်းမာသော ဝက်တစ်ကောင်ပါ 😜🐷😝 သိဖို့ 🤭🐷” ဆိုပြီး သူမအနေနဲ့ အားကစားပုံမှန်လုပ်ပေမယ့် အစားမလျော့နိုင်တာကြောင့် ဝမြဲအတိုင်းဝနေတာလို့ ပြောလာတာပဲဖြစ်ပါတယ်။
မိစန္ဒီကတော့ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်က အိမ်ထောင်ကျခဲ့တာဖြစ်ပြီး အခုအချိန်ထိ ရင်သွေးမယူသေးပဲ ခင်ပွန်းသည်နဲ့ နှစ်ယောက်တည်း သာယာတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ မိစန္ဒီက အဆိုတော်တစ်ယောက်ဖြစ်တာမို့ သူမရဲ့ ဝခြင်း ပိန်ခြင်းဟာ ပရိသတ်တွေအတွက် အရေးမကြီးပဲ သူမရဲ့ သီချင်းတွေကသာ အရေးကြီးတာပဲဖြစ်ပါတယ်။
MyanmCelebrit