မြန်မာဆယ်လီ

ကိုယ့်ကိုချိုးသလို နှိမ်သလိုနဲ့ လာဆက်ဆံရင် အရင်ကလိုစိတ်နဲ့ ပါးချည်းပဲ ချ ပစ်ချင်တယ်ဆိုတဲ့ ထက်ထက်မိုးဦး

နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ ချစ်စရာကောင်းပြီး ပေါ့ပါးတဲ့ အသွင်အပြင်တွေကြောင့် ပရိသတ်တွေချစ်ကြရတဲ့ မင်းသမီးတစ်လက်ပါပဲ။  အခုဆိုရင် အသက်ငါးဆယ်ကျော်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ ထက်ထက်မိုးဦးဟာ ကျန်းမာရေးချို့ယွင်းမှုတွေဖြစ်ပေါ်နေပြီး အလုပ်တွေကိုလုပ်လိုက် နားလိုက်နဲ့ပဲ ဆေးကုသမှုလည်းခံယူနေရတာပဲဖြစ်ပါတယ်။ တည်ငြိမ်ပေမယ့် ကိုယ့်ကိုရန်လာစရင် ငြိမ်ခံနေတတ်သူမဟုတ်တဲ့ ထက်ထက်မိုးဦးက ဒီကနေ့မှာလည်း သူမရဲ့အကြောင်းကို ပြောလာခဲ့ပါတယ်။ထက်ထက်မိုးဦးက “လူကိုချိုးသလိုနိမ်သလိုလာဆက်ဆံတာ ရီချင်တယ်။ ငိုချင်တာမဟုတ်ဘူး။မျက်လုံးထဲမှာမြင်ကြည့်လိုက်ကြစမ်းပါ။ ကိုယ်တွေကဘယ်သူ့စိန်နားကပ်နဲ့မှပါးမပြောင်ခဲ့ဘူး။ ငယ်ကထဲက နဖူးကချွေး ခြေမထိကျအောင် ရှာစားလာခဲ့တာ။ ကိုယ်ရှာတဲ့ပိုက်ဆံနဲ့ ကိုယ့်စိတ်ကြိုက်လှူနိုင်တန်းနိုင်သုံးနိုင်ခဲ့တာ မိဘနားလက်ဖြန့်တောင်းပြီး အပူကပ်ပြီးကြီးပြင်းခဲ့တာမဟုတ်ဘူး။ လာချိုးနိမ်ပြောရအောင် စားစရာမရှိလို့အလုပ်မရှိလို့ သူ့ပတ်ဝန်းကျင်နားလာတယ်မှတ်နေလားမသိဘူ။း။ လူဆိုတာလူမှု့ရေးရှိရမယ်။ မိတ်ဆွေကောင်းတွေရှိရမယ်။ ချမ်းသာတဲ့လူတွေကို ဖားစရာအကြောင်းမရှိသလို ဆင်းရဲတဲ့လူတွေကိုလဲ နိမ်စရာမလိုဘူး။ ကိုယ့်အစွမ်းအစနဲ့အလုပ်ကိုပဲအာရုံစိုက်ပြီး မှန်မှန်ကန်ကန်ကြိုးစားရုန်းကန်လာတာ ရှေ့နောက်မစဉ်းစားပဲပြောကြေးဆို ငါလေအရင်လို ပါးချည်းပဲ ချပစ်ချင်တာအားရပါးရသိလား😂😂😂😂😂 ရှင်တို့တော့ဘယ်သူပါလိမ့်တွေးနေမှာမလား။ မတွေးနဲ့ငယ်ငယ်ကကြည့်ဖူးတဲ့ကာတွန်းကားထဲကစုန်းမကြီးကိုပဲမြင်ယောင်လိုက်တော့နော်တပုံစံထဲပဲ🤪🤪🤪🤪🤣🤣🤣🤣🤣” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *