မင်းသမီးချောလေး ခင်ဝင့်ဝါက မော်ဒယ် တစ်ယောက်အနေနဲ့ ဘဝကိုရပ်တည်ပြီး နောက်ပိုင်းမှာ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာပြီး ပရိသတ်အားလုံးရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုအခိုင်မာရပ်တည်ထားနိုင်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။
ခင်ဝင့်ဝါကတော့ စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ရွှင်စွာနေတတ်တဲ့ ချစ်အမူအရာလေးတွေကြောင့် ပရိသတ်တွေ အားပေးဝန်ရံခြင်းကို ခံနေရတာပါ။
ဒါ့အပြင် သရုပ်ဆောင်ပိုင်းမှာ ဘယ်လိုဇာတ်ရုပ်မျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။
အခုလည်း သူမ ဘဝမှာ ပထမဆုံး ရေးဆွဲဖူးတဲ့ ပန်းချီကားလေးတစ်ချပ်ကို ထုတ်ပြလာပါတယ် ။ ပရိသတ်ကြီးလည်း ခင်ဝင့်ဝါရဲ့ လက်ရာ ပန်းချီကားလေးကို ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
MyanmCelebrit