ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တုန်းက ဇာတ်ပို့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် လမင်းကဗျာ ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမှာပါပဲနော်။
လမင်းကဗျာ ဟာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ရုံတင်မကပဲ ဂီတလောကထဲကို ဝင်ရောက်ဖို့လဲ ကြိုးစားခဲ့ပါသေးတယ်။
မရဲ့သီချင်းတွေကို နယ်ပရိသတ်တွေကို အဓိကနားထောင်စေချင်တဲ့အတွက် သီချင်းခွေ တစ်ခွေကို ထုတ်ခဲ့ပါသေးတယ်။ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လမင်းကဗျာ ဟာ အနုပညာနဲ့ပတ်သက်ပြီး လှုပ်ရှားမှု့တွေ နည်းပါးသွားခဲ့ပါတယ်။ဒါကြောင့်လဲ ရုပ်ရှင်မရိုက်ကူးဖြစ်တော့ပေမယ့် စီးပွားရေးအနေနဲ့ ဘီယာဆိုင်လေး တစ်ဆိုင် ဖွင့်လှစ်ထားတာပါ။
အခုတစ်ခါမှာတော့ လမင်းကဗျာ ဟာ လက်ရှိမှာ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်လိုက်ပြီးတော့ DJ လောကထဲကို ဝင်ရောက်သွားခဲ့ပြန်ပါပြီ။လမင်းကဗျာ ကတော့ DJ တီးရတာအားမရလို့ သီချင်းတွေပြန်ဆိုအုန်းမယ်ဆိုပြီး ပရိသတ်တွေကို အသိပေးလိုက်ပြန်ပါတယ်။
MyanmCelebrit