“စမတောင် နဂါးရုံ ဘုရာကြီး “ ရဲ့ အုတ်မြစ်ချအလှူမှာ ဘုရားဒါယိကာမတစ်ဦးအဖြစ် ရွှေထီးဆောင်းပြီးပါဝင်ခဲ့တဲ့ မိုးဟေကို
မင်းသမီးချောလေး မိုးဟေကိုကတော့ အသားအရည်ညိုစိမ့်စိမ့်လေးနဲ့ မြန်မာဆန်တဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်လာခဲ့သူတစ်ယောက်ပီပီ ဇာတ်ကားတွေအများကြီးမရိုက်ကူးဖြစ်ပေမယ့် မိုးဟေကိုက သူမကိုချစ်တဲ့ ပရိသတ်တွေရဲ့မေတ္တာကိုတော့ အမြဲတမ်းထာဝရ ရရှိပိုင်ဆိုင်ထားသူလေးဆိုလည်း မမှားပါဘူး။
ဇာတ်ကားတွေပြန်မရိုက်ဖြစ်ခင် စိတ်အေးချမ်းသာမှုရရှိအောင် ဘာသာရေးနဲ့ ကုသိုလ်ရေးကို အမြဲမပြတ်လုပ်ဆောင်တဲ့ မိုးဟေကိုဟာ ဒီကနေ့မှာလည်း ကုသိုလ်ထူးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း မျှဝေလာပါတယ်။
မိုးဟေကိုက “စမတောင် နဂါးရုံ ဘုရာကြီး “ အုတ်မြစ်ချ အလှူမှာ အလှူငွေတွေထည့်ဝင်လှူဒါန်းခဲ့ပြီး ဘုရားဒါယိကာမတစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာကို အခုလိုပဲတွေ့ရပါတယ်။
မိုးဟေကိုကတော့ ပြီးခဲ့တဲ့လတွေမှာ သူမရဲ့ဖခင်ကိုပါ ဆုံးရှုံးခဲ့ရပြီး အဖေနဲ့ အမေကွယ်လွန်ပြီးနောက်ပိုင်းမှာ ဘာသာရေးနဲ့ ကုသိုလ်ရေးကို ပိုမိုပြီးလုပ်ကိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။ မိုးဟေကိုတစ်ယောက် ဒီထက်မက အလှူအတန်းတွေကိုပြုလုပ်နိုင်ပြီး အနုပညာလောကမှာလည်း အောင်မြင်မှုတွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Zawgyi version