ကလေးဘဝကတည်းက ဆိုကရေးတီးသီချင်းဆိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလေး အေးမြဖြူကတော့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
o အေးမြဖြူက Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။
လက်ရှိမှာလည်း အေးမြဖြူက ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။နိုင်ငံရေးအခြေအနေတွေကြားထဲမှာပဲ ဝေဖန်ခံနေရတဲ့ အေးမြဖြူဟာ ဒီတစ်ခါမှာလည်း သူမရဲ့ ရုပ်လေးနဲ့မလိုက်ဖက်တဲ့ လုပ်ရပ်တစ်ခုကြောင့် ထပ်မံပြီး လူပြောခံနေရပြန်ပါတယ်။
အေးမြဖြူက အလှူတစ်ခုမှာ သီချင်းဆိုရင်း စတိတ်စင်ပေါ်မှာ ကလေးမလေးတစ်ယောက်ကို သူမသီချင်းဆိုတဲ့တောက်လျှောက် ထီးဆောင်းခိုင်းထားတဲ့ အပြုအမူကြောင့် ပရိသတ်တွေက ရိုင်းစိုင်းမောက်မာတယ်ဆိုပြီး မှတ်ချက်ပေးနေကြတာပဲဖြစ်ပါတယ်။
MyanmCelebrit