မြန်မာဆယ်လီ

ကမ႓ာပေါ်မှာ ဖေ့စ်ဘုတ်နာမည်ခဏခဏအပြောင်းနိုင်ဆုံးဆုကို စန္ဒီမြင့်လွင်မှ ရရှိသွားကြောင့်တရားဝင်ကြေငြာလိုက်တဲ့ “ဥက္ကာမင်းမောင်”

ဥက္ကာမင်းမောင်ဟာ ဆိုရင် အနုပညာလောကမှာအောင်မြင်မှု တစ်ခုကို ရရှိပိုင်ဆိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ဟာ အနုပညာလောကမှာ နှစ်တွေအကြာကြီး ကျင်လည်ခဲ့သူမို့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ အရမ်းကို ရင်းနှီးခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဥက္ကာမင်းမောင်က သူ့ရဲ့ညီမရင်းလေး တစ်ယောက်လိုဖြစ်နေပြီ ဖြစ်တဲ့ စန္ဒီမြင့်လွင်အကြောင်းကို အခုလိုပဲပြောလာပါတယ်။ဥက္ကာမင်းမောင်က “ကမ္ဘာပေါ်တွင် Facebook ပေါ်က နာမည်အပြောင်းနိုင်ဆုံး ဆုကို စန္ဒီမြင့်လွင်မှ ရရှိပါသည်.. တစေပြောင်းတာ..၁ သိန်းနဲ့ ၁၈ ခါ.. မူးနောက်နေရော.. သူနဲ့ စကားပြောချင်ရင် သူ့ရဲ့ နာမည်ဝှက်နဲ့ အကောင့်နောက် တခုက ဘာလဲတော်တော် စဉ်းစားယူရတယ်.. ယောက်ယက်ခတ်မှုကြီး🤣 မွှေလိုက်တာမေမေရယ်” ဆိုပြီး စန္ဒီမြင့်လွင်ကို စနောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင် ကတော့ ဖေ့စ်ဘုတ်နာမည် ခဏခဏပြောင်း လွန်းတဲ့ စန္ဒီမြင့်လွင်ကို ကမ္ဘာပေါ်မှာ ဖေ့စ်ဘုတ် နာမည်အပြောင်းနိုင်ဆုံးဆုပေးမယ် ဆိုပြီး စနောက်ခဲ့တာပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင်နဲ့ ဥက္ကာမင်းမောင်တို့ဟာ အခုဆိုရင် လူချင်းမတွေ့ရတာ အရမ်းကြာခဲ့ပြီဆိုပေမယ့် အရင်အတိုင်း ခင်မင်ရင်းနှီးနေကြဆဲ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *