မြန်မာဆယ်လီ

“အခန်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကယ်ဒမီဆုရမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့ “နေခြည်ဦး”

အချိန်တိုအတွင်းမှာ ပရိသတ်တွေ ရဲ့ လက်ခံအားပေးမှုကို အပြည့်အဝ ရယူနိုင်ခဲ့ပြီး beauty bloggerတစ်ယောက်အနေနဲ့ကနေ ရုပ်ရှင်မင်းသမီး တစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ နေခြည်ဦးကိုသိကြမယ် ထင်ပါတယ်နော်။ ချီချီဟာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ကားကြီးတွေကိုပါ လက်ခံ‌ ရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ ပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့်လည်း ပရိသတ်အချစ်ကိုရရှိနေတာပါ။ရိုမန့်တစ် အချစ်ဇာတ်လမ်းလေး တစ်ခုဖြစ်တဲ့ နေခြည်ဦးနဲ့ နေတိုးတို့သရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံးမေတ္တာ”ရုပ်ရှင်က 7th Sense Creation ကထုတ်လုပ် ရိုက်ကူးတဲ့ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ကောင်လေးတစ်ယောက်နဲ့ သူရဲ့ဝန်ထမ်းကောင်မလေး တို့ကြားက ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးကို ပုံဖော် ရိုက်ကူးထားတာဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *