ပရိတ်သတ်တွေသိချင်နေကြတဲ့ ခင်ပွန်းဖြစ်သူရဲ့သားလေးအကြောင်း ရှင်းပြလာတဲ့ သရုပ်ဆောင်မြတ်သူသူ
သရုပ်ဆောင် မြတ်သူသူကတော့ ပရိသတ်တွေအတွက် မတူညီတဲ့ဇာတ်ကားတွေမှာ မတူညီတဲ့ကာရိုက်တာတွေ သရုပ်ဆောင်ပြရင်း အောင်မြင်မှုရရှိလာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြတ်သူသူဟာ ယခုလအတွင်းမှာပဲ သူမရဲ့ချစ်သူနဲ့လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ မြတ်သူသူတို့ဇနီးမောင်နှံဟာ သူမတို့ရဲ့သားလေးလို့ဆိုတဲ့ ကောင်လေးငယ်ငယ်လေးတစ်ယောက်ကိုလည်း ဟန်းနီးမွန်းခရီးစဉ်ကို ခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေကတော့ သားလို့ခေါ်ကြတဲ့ ကောင်လေးရဲ့အကြောင်းကို စိတ်ဝင်စားနေကြတာဖြစ်ပြီး မြတ်သူသူကလည်း လက်ထပ်ပြီးမှ သူမတို့ရဲ့သားဆိုပြီး ပေါ်လာခဲ့တဲ့ကောင်လေးအကြောင်းကို “ဒီမိသားစုလေးကို ချစ်ပေးကြလို့ တကယ်ကျေးဇူးတင်မိပါတယ်။
သားသားကို (၇)ရက်သားလေးထဲက အကိုက နို့ဗူးတိုက်ပြီးမွေးလာခဲ့တာပါ။ မသိသေးသူများအတွက် လိုအပ်လို့ရေးပြရတာပါ မြတ်သူတို့အတွက်ကတော့ သားအရင်းလေးပါပဲရှင် ဆိုပြီး ပြောပြလာခဲ့ပါတယ်။
မြတ်သူသူရဲ့ခင်ပွန်း ကိုစိုင်းထက်မြက်ဟာ အဆိုပါ ကောင်လေးကို (၇) ရက်သားအရွယ်ကတည်းက နို့ဘူးတိုက်ပြီးမွေးစားခဲ့တာဖြစ်ပြီး အခုလို မြတ်သူသူနဲ့ အိမ်ထောင်ကျပြီးသွားတဲ့အခါမှာလည်း မွေးစားသားကို သားအရင်းလိုဆက်ပြီးစောင့်ရှောက်ထားတာဖြစ်တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။
Zawgyi version
ပရိတ္သတ္ေတြသိခ်င္ေနၾကတဲ့ ခင္ပြန္းျဖစ္သူရဲ႕သားေလးအေၾကာင္း ရွင္းျပလာတဲ့ သ႐ုပ္ေဆာင္ျမတ္သူသူ
သ႐ုပ္ေဆာင္ ျမတ္သူသူကေတာ့ ပရိသတ္ေတြအတြက္ မတူညီတဲ့ဇာတ္ကားေတြမွာ မတူညီတဲ့ကာ႐ိုက္တာေတြ သ႐ုပ္ေဆာင္ျပရင္း ေအာင္ျမင္မႈရရွိလာခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ျမတ္သူသူဟာ ယခုလအတြင္းမွာပဲ သူမရဲ႕ခ်စ္သူနဲ႔လက္ထပ္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ၾကင္စဦးဇနီးေမာင္ႏွံဘဝကို ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။
မဂၤလာေဆာင္ၿပီး ဟန္းနီးမြန္းခရီးစဥ္အျဖစ္ ထိုင္းႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနတဲ့ ျမတ္သူသူတို႔ဇနီးေမာင္ႏွံဟာ သူမတို႔ရဲ႕သားေလးလို႔ဆိုတဲ့ ေကာင္ေလးငယ္ငယ္ေလးတစ္ေယာက္ကိုလည္း ဟန္းနီးမြန္းခရီးစဥ္ကို ေခၚေဆာင္သြားခဲ့တာပဲျဖစ္ပါတယ္။
ပရိသတ္ေတြကေတာ့ သားလို႔ေခၚၾကတဲ့ ေကာင္ေလးရဲ႕အေၾကာင္းကို စိတ္ဝင္စားေနၾကတာျဖစ္ၿပီး ျမတ္သူသူကလည္း လက္ထပ္ၿပီးမွ သူမတို႔ရဲ႕သားဆိုၿပီး ေပၚလာခဲ့တဲ့ေကာင္ေလးအေၾကာင္းကို “ဒီမိသားစုေလးကို ခ်စ္ေပးၾကလို႔ တကယ္ေက်းဇူးတင္မိပါတယ္။
သားသားကို (၇)ရက္သားေလးထဲက အကိုက ႏို႔ဗူးတိုက္ၿပီးေမြးလာခဲ့တာပါ။ မသိေသးသူမ်ားအတြက္ လိုအပ္လို႔ေရးျပရတာပါ ျမတ္သူတို႔အတြက္ကေတာ့ သားအရင္းေလးပါပဲရွင္ ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။
ျမတ္သူသူရဲ႕ခင္ပြန္း ကိုစိုင္းထက္ျမက္ဟာ အဆိုပါ ေကာင္ေလးကို (၇) ရက္သားအ႐ြယ္ကတည္းက ႏို႔ဘူးတိုက္ၿပီးေမြးစားခဲ့တာျဖစ္ၿပီး အခုလို ျမတ္သူသူနဲ႔ အိမ္ေထာင္က်ၿပီးသြားတဲ့အခါမွာလည္း ေမြးစားသားကို သားအရင္းလိုဆက္ၿပီးေစာင့္ေရွာက္ထားတာျဖစ္တယ္လို႔ ေျပာလာတာပဲျဖစ္ပါတယ္။