Cele News မြန်မာဆယ်လီ

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး တည့်ကြလွန်းတဲ့ သားသမီးတွေအကြောင်းပြောပြလာတဲ့ သရုပ်ဆောင်ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံ့

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး တည့်ကြလွန်းတဲ့ သားသမီးတွေအကြောင်းပြောပြလာတဲ့ သရုပ်ဆောင်ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံ့

တချိန်ကပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ မင်းသားချော ပိုင်ဇေရဲထွန်းကတော့ လက်ရှိမှာလည်း သူ့ရဲ့ သားချော သမီးချောလေးတွေကြောင့် မျက်နှာပွင့်နေရတာပဲ ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းဟာ သူကိုယ်တိုင်လည်းချောမောပြီး သူ့ရဲ့အိမ်ထောင်ဖက်အမျိုးသမီးဟာလည်း မင်းသမီးတစ်ယောက်လို လှပတာကြောင့် မွေးလာတဲ့ သားသမီးသုံးယောက်စလုံးဟာလည်း ချောချောလှလှလေးတွေဖြစ်နေကြတာပဲ ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းရဲ့ သားသမီးသုံးယောက်စလုံးဟာ အသက်မတိမ်းမယိမ်းလေးတွေဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာကြောင့် အဖေနဲ့ အမေတောင် ကြားဝင်မရကြောင်း ပိုင်ဇေရဲထွန်းရဲ့အမျိုးသမီး ဇင်သဲနိုင်က “တခါတလေပျင်းလို့ ရန်ဖြစ်ကြပါဦးလားဝင်ဖြေရှင်းပေးချင်လို့တအားတွေတည့်တော့လည်း သူတို့ချင်း ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ကိုယ့်နေရာတောင်ပျောက်နေတယ်ဆိုပြီး ပြောလာပါတယ်။

ပိုင်ဇေရဲထွန်းကတော့ ချစ်စရာလည်းကောင်း လိမ္မာရေးခြားလည်းရှိပြီး တစ်ယောက်ကိုတစ်ယောက် သက်ညှာလွန်းတဲ့ သားသမီးသုံးယောက်ကို ပိုင်ဆိုင်ရရှိထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့မိသားစုလေးကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။

Zawgyi version

တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္ၿပီး တည့္ၾကလြန္းတဲ့ သားသမီးေတြအေၾကာင္းေျပာျပလာတဲ့ သ႐ုပ္ေဆာင္ပိုင္ေဇရဲထြန္းတို႔ဇနီးေမာင္ႏွံ႔

တခ်ိန္ကပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္တဲ့ မင္းသားေခ်ာ ပိုင္ေဇရဲထြန္းကေတာ့ လက္ရွိမွာလည္း သူ႔ရဲ႕ သားေခ်ာ သမီးေခ်ာေလးေတြေၾကာင့္ မ်က္ႏွာပြင့္ေနရတာပဲ ျဖစ္ပါတယ္။

ပိုင္ေဇရဲထြန္းဟာ သူကိုယ္တိုင္လည္းေခ်ာေမာၿပီး သူ႔ရဲ႕အိမ္ေထာင္ဖက္အမ်ိဳးသမီးဟာလည္း မင္းသမီးတစ္ေယာက္လို လွပတာေၾကာင့္ ေမြးလာတဲ့ သားသမီးသုံးေယာက္စလုံးဟာလည္း ေခ်ာေခ်ာလွလွေလးေတြျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။

ပိုင္ေဇရဲထြန္းရဲ႕ သားသမီးသုံးေယာက္စလုံးဟာ အသက္မတိမ္းမယိမ္းေလးေတြျဖစ္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္ၾကတာေၾကာင့္ အေဖနဲ႔ အေမေတာင္ ၾကားဝင္မရေၾကာင္း ပိုင္ေဇရဲထြန္းရဲ႕အမ်ိဳးသမီး ဇင္သဲႏိုင္က “တခါတေလပ်င္းလို႔ ရန္ျဖစ္ၾကပါဦးလားဝင္ေျဖရွင္းေပးခ်င္လို႔တအားေတြတည့္ေတာ့လည္း သူတို႔ခ်င္း က်ိတ္က်ိတ္ က်ိတ္က်ိတ္နဲ႔ ကိုယ့္ေနရာေတာင္ေပ်ာက္ေနတယ္ဆိုၿပီး ေျပာလာပါတယ္။

ပိုင္ေဇရဲထြန္းကေတာ့ ခ်စ္စရာလည္းေကာင္း လိမၼာေရးျခားလည္းရွိၿပီး တစ္ေယာက္ကိုတစ္ေယာက္ သက္ညႇာလြန္းတဲ့ သားသမီးသုံးေယာက္ကို ပိုင္ဆိုင္ရရွိထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ပိုင္ေဇရဲထြန္းတို႔မိသားစုေလးကိုၾကည့္ၿပီး အားက်ေနၾကမယ္ထင္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *