သူမရဲ့ချစ်သူနေဒွေးက သူမကို ဘယ်လောက်ထိတောင် ချစ်သလဲဆိုတာကို ပုံရိပ်လေးတွေ နှင့်တကွ သက်သေပြကာ နေဒွေးရဲ့ ရည်းစားဟောင်းတွေကို အလဲထိုးလိုက်တဲ့ Jelly မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသားချော နေဒွေးဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ရရှိနေပြီ ဖြစ်တဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသားချော တစ်လက်ပဲ ဖြစ်ပါတယ်နော်။
ယောကျာ်း ပီသကာ ရုပ်ရည်ချောမောလွန်းတဲ့ မင်းသားနေဒွေးဟာ အနုပညာသက်တမ်း တလျှောက် ဇာတ်ရုပ်မျိုးစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်ချက် တွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို များစွာရရှိ ပိုင်ဆိုင်ထားနိုင်တဲ့ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသား တစ်လက်ဖြစ်လာ ခဲ့သူပါပဲနော်။
ယောက်ျားပီသလွန်းပြီး ရုပ်ရည်ချောမောပေမယ့် အချစ်ရေးမှာ မကြာမကြာ ကံခေလွန်းခဲ့တဲ့ နေဒွေးက လက်ရှိချိန်မှာတော့ သာယာတဲ့ အချစ်ရေးတစ်ခု ကိုလည်း တည်ဆောက် ထားပြီး အခုဆိုရင် ချစ်သူအသစ်လေးနဲ့ ချစ်သက်တမ်း တစ်နှစ်နီးပါး ရှိလာနေပြီပဲဖြစ်ပါ တယ်နော်။
နေဒွေးဟာ သူ့ရဲ့ချစ်သူကောင်မလေးကို အရမ်းချစ်ပြီး ချစ်သူအတွက်တောင် ပိုက်ဆံတွေစုပေးခဲ့ကြောင်းကို နေဒွေးရဲ့ လက်ရှိ ကောင်မလေးက “ကိုကို စုပေးထားတာ” ဆိုပြီး သူမရဲ့ စုဘူးလေးကို ထုတ်ကြွား ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။အရင်နဲ့မတူဘဲ လက်ရှိကောင်မလေးအတွက် ပိုက်ဆံတောင် စုပေးနေပြီဆိုတော့ နေဒွေးတစ်ယောက် မကြာခင်မှာ လက်ထပ်ပွဲဆင်နွှဲတော့ မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ပရိသတ်ကြီးလည်း အချစ်တော် မင်းသားချောလေး နေဒွေးရဲ့ မင်္ဂလာသတင်းလေးကို စောင့်မျှော်နားစွင့် နေမိကြမယ် ထင်ပါတယ်နော်။
MyanmarCelebrit