မြန်မာဆယ်လီ

မွေးရာပါစအိုပေါက်မပါတဲ့ သမီးငယ်လေးအတွက် အလှူငွေ (၁၀) သိန်းတိတိ လှူဒါန်းခဲ့တယ်ဆိုတဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့ ပရိသတ်တွေကြား နာမည်ရလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ ဆောင်းယွန်စံဟာ လက်ရှိမှာတော့ အနုပညာအလုပ် တွေအပြင် မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ တစ်ဖက် တစ်လမ်းကနေ ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ လူလေးလှသလို အလှူအတန်းပရဟိတ အလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့ ဆောင်းယွန်းစံကို ပရိသတ်တွေကလည်း ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဆောင်းယွန်းစံက သူမရဲ့လုပ်အားခနဲ့ သမီးလေးတစ်ယောက်အတွက် ကျန်းမာရေးစရိတ်လှူဒါန်းခဲ့ကြောင်း “စအိုမပါပဲ မွေးဖွားလာတဲ့ သမီးငယ်လေးအတွက် ဆယ်သိန်း လှူဒါန်းခဲ့ပါတယ်။ နတ်လူ သာဓုခေါ်ဆိုနိုင်ပါစေ..🙏🙏🙏 မီးမီးလေးလဲ မနက်ဖန် ခွဲစိတ်မူ့အောင်မြင်ပြီး ဘဝတသက်တာလုံး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ🙏🙏🙏” ဆိုပြီး မျှဝေလာပါတယ်။ဆောင်းယွန်စံကတော့ သူမရဲ့ အနုပညာကြေးတွေနဲ့ မွေးရာပါစအိုပေါက်ပါမလာတဲ့ သမီးလေးအတွက် ငွေကျပ် (၁၀) သိန်း လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံတစ်ယောက် ဒီထက်မက အလုပ်တွေလုပ်နိုင်ပြီး အများကြီးလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmarCelebrit

Leave a Reply

Your email address will not be published. Required fields are marked *