နာမည်လေးလည်းဆန်းသလို လူလေးကလည်း ဆွဲဆောင်မှုရှိရှိနဲ့လှတဲ့ မင်းသမီးချောလေး ခွန်းနေကြည်ချိုကိုတော့ ပရိသတ်ကြီးအားလုံး ဇာတ်လမ်းတွဲတွေများစွာမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။
ခွန်းနေကြည်ချိုဟာ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ မှာ စတင် နာမည်ရလာခဲ့ပြီး “ဝိပါက” ဇာတ်လမ်းတွဲမှာလည်း မိခိုင် ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်ကြိုက်နှစ်သက်အားပေးမှုကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါဇာတ်လမ်းတွဲတွေပြီးတဲ့နောက် ခွန်းနေကြည်ချိုက အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။
အလှအပမှာနာမည်ကြီးတဲ့ ပဲခူးမြို့သူလေး ခွန်းနေကြည်ချိုက ဒီကနေ့မှာလည်း သူမရဲ့ ဘုရားသွားကျောင်းတက်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေလာပါတယ်။ ခွန်းနေကြည်ချိုက သူမရဲ့ ဓာတ်ပုံလေးတွေကိုမျှဝေရင်း “မာမီမွေးပေးကတည်းကဥပဓိရုပ်ကအဖြောင့်သား… ဘာfilter မှာမလိုဘူး သဝါး…😎😜” ဆိုပြီး သူမရဲ့ ပင်ကိုယ်ရုပ်ရည်နဲ့ပတ်သက်ပြီး ယုံကြည်ချက်ရှိကြောင်းပြောလာပါတယ်။ခွန်းနေကြည်ချိုကတော့ ဘိုဆန်ဆန်မျက်နှာလေးနဲ့ အရမ်းဆွဲဆောင်မှုရှိတာကြောင့် မိတ်ကပ်တွေအထူကြီးလိမ်းပြီး Effect တွေအများကြီးမသုံးလည်း လှပြီးသားဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခွန်းနေကြည်ချိုရဲ့ ဓာတ်ပုံလေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။
myanmar. Celebrit