သရုပ်ဆောင် ညီနန္ဒကတော့ တချိန်က ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ညီနန္ဒက အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ထောပတ်ထမင်းလုပ်ငန်းနဲ့ အွန်လိုင်း Live Sale လုပ်ငန်းတွေကို အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
အခုဆိုရင် ညီနန္ဒက ကုန်ပစ္စည်းတွေရဲ့ ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်နေရတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ညီနန္ဒဟာ NADA by Nandar Kyaw Official Myanmar မှ ခန့်အပ်ခြင်းခံရပြီး ညီနန္ဒရဲ့မေမေကလည်း သားဖြစ်သူရဲ့ပွဲလေးကို တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ညီနန္ဒက သူ့ကိုလာရောက်ဂုဏ်ပြုပေးတဲ့ မေမေ့ကို “လေးကြိမ်မြောက်Brand Ambassadorပွဲကို တက်ရောက်ချီးမြှင့်ဂုဏ်ပြုတဲ့ အမေ့အတွက် ဂါရဝပြုအနမ်း…🙏🙏🙏 အဖေ့ကိုလည်းအရမ်းသတိရတယ်…🙏🙏🙏” ဆိုပြီးပြောလာခဲ့ပါတယ်။
ညီနန္ဒကတော့ သူ့ရဲ့အောင်မြင်မှုတိုင်းအတွက် နောက်ကွယ်ကနေ အမြဲတမ်း အားပေးနေတတ်တဲ့ မေမေ့ကို လူတွေအများကြီးရှေ့မှာ ဂါရဝပြုအနမ်းပေးခဲ့တာပဲဖြစ်ပါတယ်။ မိသားစုကိုချစ်မြတ်နိုးတတ်တဲ့ ညီနန္ဒတစ်ယောက် ဒီထက်မကအောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
MyanmCelebrit