အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းအောင် စကားပြောတတ်သူလေး ဇူဇူးမောင်ကတော့ တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးသူဖြစ်ပါတယ်။
ဇူဇူးမောင်ဟာ အဒေါ်ဖြစ်သူ အကယ်ဒမီမေသန်းနုကြောင့် အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲဖြစ်ပါတယ်။
အခုဆိုရင် အမေရိကန်နိုင်ငံမှာနေထိုင်ရင်းနဲ့ပဲ မိသားစုအခြေချနေတဲ့ ဇူဇူးမောင်ဟာ သမီးလေးတွေနဲ့ မကြာခဏဆိုသလို အလည်အပတ်ခရီးတွေထွက်ဖြစ်နေတာပဲဖြစ်ပါတယ်။
လက်ရှိမှာလည်း ဇူဇူးမောင်တို့မိသားစုဟာ သမီးကြီးလေး ကလိုဝီရဲ့ ကျောင်းပိတ်ရက်အဖြစ် အမေရိကန်နိုင်ငံအတွင်းက Las Vegas မြို့မှာ လျှောက်လည်နေကြတာကို တွေ့ရပါတယ်။ဇူဇူးမောင်တို့မိသားစုလေးကတော့ အေးအေးချမ်းချမ်းနဲ့ အရမ်းကိုချစ်စရာကောင်းတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇူဇူးမောင်တို့မိသားစုလေးရဲ့ ခရီးသွားပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။
MyanmCelebrit