မြန်မာဆယ်လီ

နိုင်ငံခြားမှာ အလုပ်လုပ်လို့ရတဲ့ငွေကြေးလေးတွေနဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်ကလေးငယ်တွေကို အသားဟင်းနဲ့ထမင်းလှူဒါန်းခဲ့တဲ့ ဟန်နာယူရီ

ရှမ်းမလေး ဟန်နာယူရီကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ချစ်သူမိန်းကလေးအဖြစ် ပရိသတ်တွေကြားမှာ လူသိများခဲ့တာဖြစ်ပါတယ်။ အဆိုပါ အဆိုတော်နဲ့ လမ်းခွဲပြတ်ဆဲပြီးတဲ့နောက်မှာတော့ ဟန်နာယူရီဟာ အနုပညာအလုပ်တွေကိုလုပ်ကိုင်လာပြီး တစထက်တစအောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ကိုရီးယားနိုင်ငံမှာ တိမ်းရှောင်နေရတဲ့ ဟန်နာယူရီဟာ ကိုရီးယားနိုင်ငံမှာ အလုပ်တွေလုပ်ပြီး ဒီကနေ့မှာတော့ စစ်ဘေးရှောင်ကလေးတွေအတွက် အလှူလုပ်ခဲ့တယ်လို့ပြောလာပါတယ်။ ဟန်နာယူရီက “ကယားပြည်နယ် စစ်ဘေးရှောင်ကလေးငယ် များအတွက် အသားဟင်း နဲ့ ထမင်း အရသာရှိစွာသုံးဆောင်နေတာမြင်ရတာအရမ်းပီတိဖြစ်ပျော်ရပါတယ်။ အလှူဖြစ်မြောက်အောင်ကူညီပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်ရှင်။ သူများနိုင်ငံမှာ သုံညအစကနေပြန်စရတာမို့ အရင်လိုမြန်မာမှာနေတုန်းကလိုအနုပညာအလုပ်ကြော်ငြာတွေ ပုံမှန်ရအဆင်ပြေနေတဲ့ဘဝမဟုတ်လို့အမြဲမလှူနိုင်တော့ပေမဲ့ ရံဖန်ရံခါ လှူဒါန်းနိုင်ပြီး မိမိနိုင်ငံကခက်ခဲတဲ့သူတွေကို ပြန်ကြည့် တက်နိုင်သလောက်ပေးကမ်းနိုင်တဲ့သူ တစ်ဦးဖြစ်နိုင်ဖို့ဆုတောင်းပါတယ်🙏” ဆိုပြီး ဆုတောင်းလာပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *