မင်းသမီးချောလေး ရတနာဗိုလ်ကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့မှ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေက “သမီးဆိုး” ဇာတ်လမ်းတွဲက ချမ်းမြချိုဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အောင်မြင်မှုရရှိထားတဲ့ ရတနာဗိုလ်ဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “တစ်ခါမိုက်” စီးရီးတွဲလေးမှာလည်း ပရိသတ်အားပေးမှုကိုရရှိနေတာပဲဖြစ်ပါတယ်။
ရတနာဗိုလ်က “တစ်ခါမိုက်” စီးရီးတွဲလေးမှာ ရှေ့နေမလေး ယု အဖြစ် သရုပ်ဆောင်ခဲ့သလို သူမရဲ့ ယု ဆိုတဲ့ ကာရိုက်တာလေးကိုချစ်ပေးကြတဲ့ ပရိသတ်တွေအတွက် လက်ဆောင်ပေးလာခဲ့ပါတယ်။
ရတနာဗိုလ်က “တစ်ခါမိုက် – The Series လေးကိုအားပေးပြီး ရှေ့နေမလေး “ယု” ကို ချစ်ပေးကြတဲ့သူတွေအတွက် ရိုက်ကွင်းပုံရိုပ်လေးတွေပါ 🎬” ဆိုပြီး ရိုက်ကွင်းပေါ်က အမှတ်တရဓာတ်ပုံလေးတွေကို မျှဝေပေးလာတာပဲဖြစ်ပါတယ်။
MyanmCelebrit