မြန်မာဆယ်လီ

ချစ်စရာကောင်းတဲ့မြေးမချောချောလေးကြောင့် ပရိသတ်တွေကြားမှာ မျက်နှာပွင့်နေတဲ့ မင်းသမီးကြီး ချိုပြုံး

သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီချိုပြုံးကတော့ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတာပဲဖြစ်ပါတယ်။ ချိုပြုံးက လက်ရှိမှာတော့ အသက် (၇၀) ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေကို အသက်အရွယ်ကြောင့် နည်းနည်းချင်းစီသာလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ကြော်ငြာတွေရိုက်ကူးနေသလို မြေးလေးတွေရဲ့ အနုပညာလမ်းကြောင်းကိုလည်း မြေတောင်မြှောက်ပေးနေတဲ့ ချိုပြုံးဟာ မြေးလေးဝင်းခန့်မိုးအပြင် အခုဆိုရင် မြေးမလေး သန့်သီရိမိုးကိုပါ အနုပညာလမ်းကြောင်းပေါ် ဆွဲခေါ်နေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ချိုပြုံးက သူမရဲ့မြေးမလေး သန့်သီရိမိုးနဲ့အတူတူ သင်္ကြန်အတွက် ကြော်ငြာဓာတ်ပုံလေးတစ်ခုရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ ချိုပြုံးကတော့ အရမ်းကိုချစ်စရာကောင်းပြီး ချောမောလွန်းတဲ့မြေးမလေးကြောင့် မျက်နှာပွင့်နေပြီး ပရိသတ်တွေကလည်း ချိုပြုံးရဲ့မြေးမလေး သန့်သီရိမိုးရဲ့ ပုံရိပ်လေးတွေကို သဘောကျနေတာပဲဖြစ်ပါတယ်။ချိုပြုံးကတော့ သူမကိုယ်တိုင်လည်း ငယ်စဉ်က အလှအပကြောင့် နာမည်ကြီးခဲ့ဖူးတဲ့ မင်းသမီးတစ်လက်ဖြစ်သလို သူမရဲ့ မျိုးဆက်သစ်လေးတွေဖြစ်တဲ့ မြေးလေးတွေကလည်း ချောချောလေးတွေဖြစ်တာမို့ ပရိသတ်တွေကြားမှာ မျက်နှာပွင့်နေတာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *