Cele News မြန်မာဆယ်လီ

သူမရဲ့ ယောကျာ်းဖြစ်သူကို မဝေဖန်ကြဖို့ တောင်းဆိုလာတဲ့ မင်းသမီးချောလေးမြတ်သူသူ

သူမရဲ့ ယောကျာ်းဖြစ်သူကို မဝေဖန်ကြဖို့ တောင်းဆိုလာတဲ့ မင်းသမီးချောလေးမြတ်သူသူ

သရုပ်ဆောင်ကောင်းလို့ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုခံရတဲ့မင်းသမီးချော မြတ်သူသူဟာဆိုရင် ပြီးခဲ့တဲ့ မတ်လ (၁၁) ရက်နေ့မှာပဲ သူမရဲ့ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ပူပူနွေးနွေးအိမ်ထောင်ကျသွားသူပီပီ ကြင်စဦးအိမ်ထောင်သည်ဘဝလေးမှာ အရမ်းပျော်နေပြီး သူမရဲ့ ပျော်ရွှင်မှုတွေကို ဝေမျှပေးတတ်တဲ့ မြတ်သူသူဟာ မနာလိုသူတွေပါးစပ်ဖျားမှာတော့ မကောင်းတဲ့မှတ်ချက်ပြုခြင်းတွေနဲ့ ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြတ်သူသူက သူမကိုဝေဖန်ကြသူတွေကို စိတ်မဆိုးတဲ့အပြင် သူမဘက်ကနေပြီး အနေအထိုင်ဆင်ခြင်ပါ့မယ်ဆိုပြီး တောင်းပန်လာတာကို အခုလိုပဲတွေ့ရပါတယ်။

မြတ်သူသူက “အားလုံးကို တကယ်တောင်းပန်ပါတယ်။ ကျွန်ယောင်္ကျားဘယ်လိုပုံစံဖြစ်ပါစေ ကျွန်မပဲ ရမှာမို့ အကုသိုလ်မယူကြပါနဲ့နော်။ ကျွန်မတို့လည်း လူထဲကလူမို့ ချစ်တတ်ကြလို့ပါ။ အခုလိုတွေ ဖြစ်သွားဖို့လည်း မရည်ရွယ်ခဲ့တာ မှန်သောသစ္စာပါ။ နောက်ဆို ဆင်ခြင်ပါ့မယ်ရှင်ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားတောင်းပန်ခဲ့တာပဲဖြစ်ပါတယ်။

မြတ်သူသူကတော့ ပုထုဇဉ်လူသားတစ်ယောက်ပီပီ သူမကိုချစ်မြတ်နိုးတဲ့သူနဲ့ဆုံရတဲ့အခါ သူမရဲ့ပျော်ရွှင်မှုလေးတွေကို ဝေမျှပေးတတ်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မြတ်သူသူကို ချစ်တဲ့မျက်စိလေးနဲ့ကြည့်ပြီး နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်နော်။

Zawgyi version







Leave a Reply

Your email address will not be published. Required fields are marked *