မြန်မာဆယ်လီ

သီချင်းဆိုပွဲတွေကိုခဏနားပြီး ထိုင်းနိုင်ငံအတွင်းမှာ အချိန်ပိုင်းတက်စီမောင်းနေတယ်ဆိုတဲ့ မေလသံစဉ်

အဆိုတော်မလေး မေလသံစဉ်ကတော့ ငယ်စဉ်ကလေးဘဝကတည်းကနေ ဂီတကို ဝါသနာပါ ရူးသွပ်ခဲ့သူတစ်ယောက်ပါ။ မေလသံစဉ်ဟာ အသက်နှစ်ဆယ်မပြည့်သေးခင်အရွယ်မှာပဲ အောင်မြင်တဲ့နေရာတစ်နေရာကို ရောက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုလည်း အတိုင်းအဆမရှိရရှိနေပြီပဲ ဖြစ်ပါတယ်။ မေလသံစဉ်ကလည်း သူမရဲ့ ကြိုးစားအားထုတ်မှုကို လျှော့မသွားပဲ တစ်နေ့ထက်တစ်နေ့ ကြိုးစားရင်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ မေလသံစဉ်ဟာ သူမရဲ့သီချင်းဆိုတဲ့အလုပ်တွေကို ရပ်နားထားပြီး ထိုင်းနိုင်ငံအတွင်းမှာ တက်စီမောင်းနေတယ်လို့ပြောလာပါတယ်။ မေလသံစဉ်က “သီချင်းဆိုပွဲတွေ အခုတလော ခဏနားထားပြီး ဘလက်တက်စီမောင်းနေပါတယ် 😳 🚙 လေဆိပ် အကြို/အပို့ 1500 Bht 🚙 BKK မြို့တွင်း အချိန်ပိုင်း 1hr – 500 Bht(at least 3 hours) (Fuel/Toll /Parking Fees include)” ဆိုပြီး သူမရဲ့ စီးပွားရေးကိုပြောလာပါတယ်။မေလသံစဉ်ဟာ ပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူဖြစ်ပေမယ့် သူမလုပ်ချင်တာကို သူမကိုယ်တိုင်လုပ်ကိုင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုအခါမှာလည်း မေလသံစဉ်က ထိုင်းနိုင်ငံအတွင်းမှာ ဘလက်တက်စီမောင်းနှင်နေတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *