ရှမ်း၊ ကရင်၊ မြန်မာ ကပြားမလေး နော်ဖောအယ်ထားကတော့ ပိန်ပိန်ပါးပါးလေးနဲ့ အရမ်းချစ်စရာကောင်းသူလေးပဲဖြစ်ပါတယ်။
ပုရိသအမျိုးသားတွေရဲ့ အသည်းစွဲကြိုက်နှစ်သက်အားပေးခြင်းခံရတဲ့ နော်ဖောအယ်ထားဟာ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေရရှိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်လမ်းတွဲတွေမှာလည်း လက်မလည်အောင် သရုပ်ဆောင်နေရတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်မှာတော့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ လမ်းခွဲပြတ်ဆဲမှုမှာ နော်ဖောအယ်ထားက တတိယလူဖြစ်နေတယ်ဆိုပြီး မဟုတ်မမှန်ဝေဖန်တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။
နော်ဖောအယ်ထားက ပရိသတ်တွေရဲ့ စွပ်စွဲချက်ကို ပြန်လည်တုံ့ပြန်ခြင်းလုံးဝမရှိပဲ ဖေ့စ်ဘုတ်စာမျက်နှာကနေ အချိန်တစ်ခုပျောက်ကွယ်သွားခဲ့ရာ ဒီကနေ့မှာတော့ သူမရဲ့ ဖေ့စ်ဘုတ်မှာဓာတ်ပုံလေးတွေတင်ရင်း ပြန်လည်အသုံးပြုလာခဲ့ပြီပဲဖြစ်ပါတယ်။နော်ဖောအယ်ထားကတော့ သက်သေအခိုင်အမာမရှိတဲ့ စွပ်စွဲချက်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း နော်ဖောအယ်ထားက သူမလုပ်စရာရှိတဲ့အလုပ်တွေဆက်လက်လုပ်ကိုင်ရင်း အေးအေးဆေးဆေးပဲရှိနေတာကို တွေ့ရပါတယ်။
MyanmCelebrit