သရုပ်ဆောင် အိအိတုန်လို့ဆိုလိုက်တာနဲ့ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ကို ပရိသတ်ကြီးမြင်ယောင်မိကြမယ် ထင်ပါတယ်။
အိအိတုန်ဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ဗီဒီယိုဇာတ်ကားရာချီ သရုပ်ဆောင်ဖူးခဲ့ပြီး ဇာတ်ပို့သရုပ်ဆောင်လောကမှာလည်း နေရာတစ်နေရာ အခိုင်အမာရရှိခဲ့တာပဲဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အိအိတုန်ဟာ အသက်အရွယ်ကြောင့် ဇာတ်ကားရိုက်ကူးမှုတွေလျော့ချပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။
ကျန်းမာရေးချို့ယွင်းမှုကြောင့် မကြာခဏဆိုသလို ဆေးရုံဆေးခန်းတွေတက်ရတဲ့ အိအိတုန်ဟာ မနေ့က မတ်လ (၂၆) ရက်နေ့မှာလည်း ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။ အိအိတုန်က သည်းခြေမှာကျောက်တည်တာကြောင့် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုဟာလည်း အဆင်ပြေပြေနဲ့ပြီးဆုံးသွားခဲ့ကြောင်းကို ပြောလာခဲ့တာပဲဖြစ်ပါတယ်။အိအိတုန်ကတော့ သည်းခြေကျောက်တည်တာကို အောင်မြင်စွာနဲ့ ခွဲစိတ်ကုသနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အိအိတုန်တစ်ယောက် ရှေ့လျှောက်လည်း ကျန်းမာရေးကောင်းမွန်ပြီး အရင်လို ဇာတ်ကားတွေပြန်လည်ရိုက်ကူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
MyanmCelebrit