မြန်မာဆယ်လီ

ချစ်သူလေးဆီကနေ မထင်မှတ်ပဲခမ်းခမ်းနားနားလက်ထပ်ခွင့်တောင်းတာခံလိုက်ရလို့အတိုင်းမသိပျော်ရွှင်နေတဲ့ သွန်းဆက်

မင်းသမီးချောလေး သွန်းဆက်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ သွန်းဆက်ကဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမက အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေပြီး ပရိသတ်တွေကလည်း သူမကိုချစ်လို့ အမြဲစောင့်ကြည့် အားပေးနေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သွန်းဆက်က သူမရဲ့ ပရိသတ်တွေကို သူမရဲ့ ဝမ်းသာစရာသတင်းကောင်းနဲ့ပတ်သက်ပြီး မျှဝေလာခဲ့ပြန်ပါတယ်။ သွန်းဆက်က သူမရဲ့ချစ်သူဆီကနေ ခမ်းခမ်းနားနားနဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ရတာဖြစ်ပြီး သူမရဲ့ မိတ်ဆွေသူငယ်ချင်းတွေအားလုံးကလည်း ဝိုင်းဝန်းပြီး ဂုဏ်ပြုပေးခဲ့ကြတာကို တွေ့ရပါတယ်။ သွန်းဆက်ကတော့ အခုဆိုရင် အသက်သုံးဆယ်အရွယ်ရောက်ခဲ့ပြီမို့ အိမ်ထောင်ပြုသင့်တဲ့အရွယ်တစ်ခုကို ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ သွန်းဆက်ကတော့ ချစ်သူရဲ့လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံခဲ့ပြီ မကြာခင်မှာ လက်ထပ်ပွဲဆင်နွှဲတော့မှာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *