သရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးနေလျက်ရှိတဲ့ နေထူးနိုင်ဟာ ဒီကနေ့မှာတော့ ထူးထူးခြားခြားအနေနဲ့ သူ့ရဲ့ဇနီး မြသင်းချယ်အတွက် သီချင်း MV လေးကို ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးပေးနေတယ်လို့ ပြောလာပါတယ်။
နေထူးနိုင်က “ဇာတ်လမ်းတွဲများရိုက်ကူးပြီးတော့ MV ဒါရိုက်တာအနေနဲ့ရိုက်ကူး.. မှတ်ချက်-သူများတွေရိုက်ဖိုမအပ်သေးလို့😍 ကိုယ့်မိန်းမနဲ့ ညီမ သီချင်းရိုက်ကူးနေပါသည်” ဆိုပြီး ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးကို မျှဝေလာပါတယ်
။နေထူးနိုင်ကတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ချစ်မိန်းမနဲ့ ညီမလေးအတွက် သီချင်း MV ရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း နေထူးနိုင် ဒါရိုက်တာတစ်ယောက်အဖြစ် ဦးစီးရိုက်ကူးပေးထားတဲ့ မြသင်းချယ်ရဲ့သီချင်းလေးထွက်ရှိလာရင် အားပေးဝန်းရံပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။
MyanmCelebrit