မြန်မာဆယ်လီ

လက်သမားပညာဟာ အာရုံစူးစိုက်မှုကောင်းစေပြီး စိတ်တည်ငြိမ်စေတာကြောင့် မဖြစ်မနေသင်ယူထားတယ်ဆိုတဲ့ သန္တာလှိုင်

နိုင်ငံခြားမော်ဒယ်လ်တစ်ယောက်လို နုနယ်လှပတဲ့ မင်းသမီးချောလေး သန္တာလှိုင်ကတော့ အသက် (၄၅) နှစ်အရွယ်ဆိုပေမယ့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို ကျစ်လျစ်သွယ်လျပြီး လှပနေဆဲဖြစ်ပါတယ်။ သန္တာလှိုင်ဟာ လက်ရှိမှာတော့ သူမရဲ့ သားသမီး ခင်ပွန်းနဲ့အတူတူ နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေလျက်ရှိပြီး သာမာန်မိသားစုတစ်ခုလို ဘဝကိုဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ သက်လတ်ပိုင်းအမျိုးသမီးဆိုပေမယ့် ဘဝကို အကျိုးရှိတဲ့အရာတွေလုပ်ရင်း အချိန်ကုန်ဆုံးဖြစ်နေတဲ့ သန္တာလှိုင်ဟာ လတ်တလောမှာလည်း သူမဝါသနာပါတဲ့ ပညာရပ်သစ်တစ်ခုကို သင်ယူနေကြောင်းကို အခုလိုပဲပြောလာပါတယ်။ သန္တာလှိုင်က “ဘဝမှာ လုပ်ဖူးသမျှထဲက လက်သမားပညာကလဲ ကျွန်မရဲ့ စိတ်ကို focused ဖြစ်ပြီး စိတ်ငြိမ်စေသော အလုပ်ထဲက တစ်ခုပါ။ ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။သန္တာလှိုင်ကတော့ လက်သမားပညာဟာ အာရုံစူးစိုက်မှုကောင်းစေပြီး စိတ်တည်ငြိမ်စေတာကြောင့် မဖြစ်မနေသင်ယူထားတာပဲဖြစ်ပါတယ်။ သန္တာလှိုင်ကတော့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် လက်သမားပညာကိုလည်း သင်ယူထားတာ တကယ့်ကို အံ့သြဖွယ်ပါပဲနော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *