မြန်မာဆယ်လီ

မေမေ့ရဲ့ အသက် (၆၈) နှစ်ပြည့်မွေးနေ့အတွက် ကြာဆံကြော်ကိုယ်တိုင်ကြော်ပေးပြီး လှူဒါန်းသွားမယ်ဆိုတဲ့ ဟေမာမန်းဝင်း

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဟာသလူရွှင်တော်တစ်ယောက်လည်းဖြစ်တဲ့ ဦးမန်းဝင်းကတော့ သူ့ရဲ့ဘဝတစ်သက်တာတစ်လျှောက်မှာ အနုပညာအလုပ်တွေကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့သလို သူ့ရဲ့သမီးတွေကိုလည်း အနုပညာအမွေတွေ လက်ဆင့်ကမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ဦးမန်းဝင်းရဲ့သမီးဖြစ်သူ ဟေမာမန်းဝင်းက နာမည်ရသရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဖခင်ကြီးဦးမန်းဝင်းမရှိတော့တဲ့နောက်ပိုင်း မိခင်ကိုပိုပြီးဂရုစိုက်ပေးဖြစ်နေတဲ့ ဟေမာမန်းဝင်းတို့ညီအစ်မတွေဟာ ဒီကနေ့ မတ်လ (၂၅) ရက်နေ့မှာကျရောက်တဲ့ မေမေ့ရဲ့ မွေးနေ့လေးကိုလည်း ကုသိုလ်တွေရအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဟေမာမန်းဝင်းက “မေမေကြီးအတွက်မွေးနေ့အလှူလေးပါရှင့်ဘာလိုလိုနဲ့ကျမအမေအသက် ၆၈နှစ်ရှိသွားပြီ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ဟေမာမန်းဝင်းကတော့ မေမေ့ရဲ့ အသက် (၆၈) နှစ်ပြည့်မွေးနေ့အတွက် ကြာဆံကြော်ကိုယ်တိုင်ကြော်ပေးပြီး လှူဒါန်းသွားမှာဖြစ်တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ဟေမာမန်းဝင်းရဲ့ မေမေလည်း သမီးတွေပြုပေးတဲ့ကုသိုလ်ကြောင့် မွေးနေ့မှာ စိတ်ချမ်းသာပျော်ရွှင်ပြီး ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *