မြန်မာဆယ်လီ

မိခင်ရဲ့ ထင်မှတ်မထားလောက်အောင်ရိ်ုင်းစိုင်းတဲ့ ပြုမူပြောဆိုပုံတွေကြောင့် ဝေဖန်မှု ပြင်းပြင်းထန်ထန်ခံနေရတဲ့ အိမ့်ချစ်

အဆိုတော် အိမ့်ချစ်ကတော့ ဒီကနေ့ မတ်လ (၁၇) ရက်နေ့မှာကျရောက်မယ့် မဲဆောက်မြို့ကဖျော်ဖြေပွဲတစ်ခုကို လက်ခံထားခဲ့တဲ့ အိမ့်ချစ်ကို “စားစရာမရှိတော့လို့လား” ဆိုပြီး ပြန်လည်မေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အိမ့်ချစ်က ပရိသတ်ရဲ့ဝေဖန်ထောက်ပြမှုကို “ဟုတ်တယ် စားစရာမရှိတော့လို့.. ညီမတင်ကျွေးထားမလား ဒါဆိုမဆိုတော့ဘူးလေ” ဆိုပြီး ခနဲ့တဲ့တဲ့ပြန်ဖြေခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ကောမန့်ကြောင့် အိမ့်ချစ်က သူမရဲ့ Fri Only တင်တဲ့ပိုစ့်မှာ “ငတ်နေလားမေးလို့ ငတ်နေပါတယ်လို့ပဲဖြေလိုက်တာ။Post တွေပါ အကြီးအကျယ်တင်ပြီးပြောနေတော့ သူ့အကောင့်သွားကြည့်တာ။ သူကျ နံနံခြားမှာနေပြီး $ လုပ် $ ကိုင်မပျက် ကလေးကိုကျောင်းကောင်းထားပြီး သူဌေးဂိုက်နဲ့နေတဲ့ဟာမ ဖြစ်နေလိုက်တယ်” ဆိုပြီးပါ ရိုင်းရိုင်းစိုင်းစိုင်းတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ့်ချစ်ရဲ့ အမေကလည်း အိမ့်ချစ်အပေါ် ပရိသတ်တွေရဲ့ဝေဖန်မှုကြောင့် “သြော် ထိုင်းမှာနေပြီးငတ်နေလို့လားတဲ့ နင့်လင်ကရှာမကျွေးလို့လားတဲ့ အံ့သြပါ့.. ကျွန်မသမီးကိုလာရေးတာ။ ငါတို့က ကလေ -ျီးဝတ် သေးဝတ်ထည့်ဖို့တောင် ဒါမျိုးအိတ်အသေးသုံးဝယ်တာ။ နင်တို့မြင်ဖူးတဲ့ $ တုမဟုတ်ဘူးနော်။ မမြင်ဖူးမှာဆိုးလို့ ဖော်လော်မော်.. သိပ် $ ဂရုစိုက်မယ်မထင်နဲ့ မနာလိုတတ်လိုက်တာနော်။ ငါတို့က တစ်သက်လုံး မနာလိုလေ ပြောင်ယောင်လေလုပ်လာတာနော် သိဖို့”ဆိုပြီး ရေးသားခဲ့တာကြောင့် ပရိသတ်တွေက အိမ့်ချစ်တို့ သားအမိနှစ်ယောက်က ထင်မထားလောက်အောင် ရိုင်းစိုင်းလွန်းတယ်လို့ပြောနေကြတာပဲဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *